အားကစားတွေလုပ်နေပြီလား?

Crd-Nay Toe's page

Crd-Nay Toe's page

ရုပ်ရှင်နဲ့ပတ်သတ်လာရင် မြန်မာနိုင်ငံမှာ ဇာတ်နု၊ ဇာတ်ကြမ်း၊ ဟာသနဲ့ နောက်ဆုံးမိန်းမလျာဇာတ်အထိ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသားရယ်လို့ စဉ်းစားရင်လက်ချိုးရေလို့ရပါတယ်။ ဒီလို ရှားပါးတဲ့ မြန်မာနိုင်ငံက မင်းသားထဲက တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီး ကို နေတိုး ကို အားလုံးသိကြမယ်ထင်ပါတယ်။ ကိုနေတိုးရဲ့ ဇာတ်ရုပ်ပေါ်သရုပ်ဆောင်ပိုင်နိုင်မှု၊ အပြင်လောကမှာ အေးဆေးတည်ငြိမ်မှုတွေကြောင့် လူကြီးလူငယ် မ ရွေးပရိတ်သတ်တွေရဲ့ချစ်မြတ်နိုးခြင်းကို ရရှိခဲ့သူတစ်ဦးပါ။ နေတိုးအနုပညာ လောက ထဲကို စတင် ၀င်ရောက်လာချိန်က ကြာခဲ့ပြီဖြစ်ပင်မဲ့ အခုလို

 ဗ လ ကောင်းကောင်းနဲ့ အားကစားလုပ်နေတဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲပါတယ်။ အခုတစ်ခါမှာ တော့ ကိုထူးအောင်ရဲ့ Gym မှာ အားကစားကို အပြင်းထန် လှုပ်ရှားနေတဲ့ နေတိုးရဲ့ပုံရိပ်တစ်ချို့ကို ကိုနေတိုးပရိတ်သတ်တွေ အံ့သြ မှင်သက်ရ အောင် တင်ဆက်ပေးလိုက်ပါတယ်နော်...ရုပ်ရှင်ကားတစ်ကားအတွက်ပြင်ဆင်နေတယ်လို့သိရပင်မဲ့ ဘာကြောင့်ပဲဖြစ်ဖြစ်အားကစားလိုက်စားတာဟာ တကယ်ကို ကောင်းတဲ့အ လေ့အထပါ။ အချိန်ပေးနိုင်ရင်ပေးနိုင်သလို ကစားပေးတဲ့အခါ အများကြီးအကျိုးရှိစေပါတယ်။

 အားကစားမလိုက်စားဘူးလို့ထင်ရတဲ့ ကိုနေတိုးကြီးက အခုလို အားကစား လုပ်နေတဲ့ ပုံနဲ့တွဲမြင်လိုက်ရတဲ့အခါမှာလည်း ပရိတ်သတ်တွေရင်ထဲ အချစ်တွေပိုတိုးမယ်လို့ထင်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations