ကျောင်းတတ်ချင်တဲ့စိတ်ကလေးကလေးစားစရာပါပဲ...

ဗီယက်နမ် နိုင်ငံရဲ့ရွာလေးတစ်ခုဖြစ်တဲ့ Huoi Ha ရွာမှာနေထိုင်တဲ့ရွာသားလင်မယားနှစ်ယောက်ဟာ တကယ့်ကို ကုသိုလ်ရတဲ့ အလုပ်ကို လုပ်ပေးနေတယ်လို့

ဆိုရမှာပါပဲ။ ရေတွေကြီးတဲ့မိုးတွင်းကာလမှာ လူကြီးကလေးမရွေးသွားလာရခက်ခဲကြပါတယ်။ အစားသောက်ဝယ်ဖို့တောင်မနည်းဆိုသလို

ရေကြားထဲသွားလာနေခက်ခဲနေတဲ့အချိန်မှာ ကလေးတွေကျောင်းသွားဖို့ဆိုတာ တော်တော်နဲ့လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့်...

မိုးတွင်းကာလတစ်လျှောက်လုံးမှာ ကလေးတွေကျောင်းသွားရလွယ်ကူအောင် ဘယ်လိုပြုလုပ်ရမလဲ? ပညာရေးကို ရပ်ဆိုင်းထားဖို့ကလည်းနှမြောဖို့ကောင်းတာမလို့

ကလေးတွေကို မိုးတွင်းရေကြီးကာလမှာ မရရအောင်ကျောင်းပို့ပို့ကြိုးစားခဲ့ကြပါတယ်။ လူကြီးတွေရဲ့အရပ်အနေထားနဲ့ဆိုရင် တံတားထိုးပြီး ကူးဖြတ်လို့ရပင်မဲ့ကလေးတွေ

အနေနဲ့ကတော့ရေမြုပ်နိုင်တာမျိုးအထိဖြစ်နိုင်တာကြောင့် ကျောင်းသွားဖို့ကိစ္စကို ဒီလိုစဉ်းစားခဲ့ပါတယ်...

ဒါကတော့ အပေါ်မှာပြောခဲ့တဲ့ ရွာသားလင်မယား ဟာ ကလေးတွေကို ကျောင်းသွားကျောင်းပြန်အဆင်ပြေအောင် ပလတ်စတစ်အိတ်ထဲကို ကလေးတွေကို ထည့်ပြီး ဟိုဘက်ကမ်းကနေဒီဘက်ကမ်းအထိ

ပို့ဆောင်ပေးတာမျိုးလုပ်ခဲ့ပါတယ်။ ရေမကူးတတ်တဲ့ကလေးတွေအနေနဲ့လည်း အဆင်ပြေတဲ့နည်းလမ်းလေးပါပဲ။ ဒါပင်မဲ့ အနည်းငယ်တော့စိတ်အိုက်အသက်ရှုရခက်မယ်ထင်ပါတယ်။ ဒါပင်မဲ့လည်း

အချိန်အကြာကြီးသွားရတဲ့ခရီးမျိုးမဟုတ်တော့မလို့ သိပ်တော့စိုးရိမ်စရာမရှိပါဘူး။

ဝါးတံတားအားရင်ဝါးတံတားနဲ့အဆင်ပြေပင်မဲ့ ၀ါးတံတားအဆင်မပြေတဲ့အချိန်မှာတော့ဒီနည်းလေးကတကယ်ကို အဆင်ပြေသင့်တော်တဲ့

နည်းလမ်းလေးပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations