မိန်းကလေးတိုင်းနေ့စဉ် အသုံးပြုလေ့ရှိကြတဲ့ Underwear တွေနဲ့ ပတ်သတ်ပြီး နည်းလမ်းမှန်မှန်နဲ့ ကျန်းမာရေးမထိခိုက်အောင်အသုံးပြုတက်ဖို့လိုအပ်ပါတယ်။ ဆိုတော့ ကိုယ်မှားမှန်းမသိမှားနေတဲ့ Underwearအယူအဆတွေက ဘာတွေဖြစ်နိုင်မလဲ...

1. Cottonသားကိုမ၀တ်တာ

Cottonသားကိုမ၀တ်တာ

 လှပပြီး sexyကျတဲ့ အတွင်းခံကို ၀တ်ချင်တာကြောင့် cotton သားကို မ၀တ်ပဲနေကြပါတယ်။ ဒါဟာမှားယွင်းတဲ့ အယူအဆပါ ကော်တွန်သားဟာ အသားအေးပြီးလေ၀င်လေထွက်ကောင်းတာကြောင့် အဆိုဓာတ်ကိုလည်းရရှိပြီး အရေပြားကျန်းမာရေးကောင်းစေပါတယ်။

2. သားရေသား၊ဆွဲသားကိုဝတ်တာ

သားရေသား၊ဆွဲသားကိုဝတ်တာ

 ဆွဲသားအတွင်းခံတွေဟာ တစ်ခါတစ်ရံအတွက်တော့အသုံးပြုလို့ကောင်းပင်မဲ့ အမြဲအတွက်အဆင်မပြေပါဘူး။ ဆွဲသားအတွင်းခံတွေဟာ လှောင်ပြီး ပူတာကြောင့်Batteria ပိုမွှားတွေကို ပေါက်ဖွားစေနိုင်ပါတယ်။

3. အတွင်းခံကိုညအိပ်ဝတ်တာ

အတွင်းခံကိုညအိပ်ဝတ်တာ

အတွင်းခံကို ညဘက်ဝတ်အိပ်တာဟာ မိန်းကလေးအင်္ဂါ အတွက် cell အသစ်ပေါက်ပွားမှုကိုနှောင့်နှေးစေနိုင်ပြီး ညတစ်လျှောက်လုံးပိတ်လှောင်ထားတာကြောင့် အရေပြားကျန်းမာရေးအတွက်စိုးရိမ်ရပါတယ်။

4. ဆိုဒ်အမှားကြီးဝတ်ဆင်တာ

ဆိုဒ်အမှားကြီးဝတ်ဆင်တာ

 အတွင်းခံကိုရွေးချယ်ဝယ်တဲ့အခါမှာ ကိုယ်နဲ့တော်တဲ့ဆိုဒ် ကိုယ်နေသာထိုင်သာရှိမဲ့ဆိုဒ်ကိုရွေးချယ်ဖို့လိုပါတယ်။ အာ့လိုမှမဟုတ်ပဲ ကိုယ်နဲ့ မတ်ာတဲ့သေးသေးလေးကိုဝတ်တာပဲဖြစ်ဖြစ် အကြီးကြီးကိုဝတ်တာပဲဖြစ်ဖြစ် မလုပ်ပါနဲ့ ။ ဒါဟာ ခန္ဓာကိုယ် အလှကို ဖျက်စီးရာရောက်ပြီး တင်ပါးပုံပျက်စေပါတယ်။

5. အရောင်ရင့်ရင့်အတွင်းခံကိုဝတ်တာ

အရောင်ရင့်ရင့်အတွင်းခံကိုဝတ်တာ

 တစ်ချို့ က အစွန်းထင်းခံတယ်၊ Sexyကျတယ်ဆိုပြီး အရောင်ရင့်ရင့် အတွင်းခံတွေကိုဝတ်ဆင်တက်ကြပါတယ်။ Owen Montgomery, M.Dရဲ့ပြောကြားချက်အရ ကာလာပါတဲ့ အတွင်းခံတွေဟာ ဆေးဆိုးထားတာများတာကြောင့် မိန်းမအင်္ဂါရဲ့ပတ်လည်မှာ ဓာတုဗေဒဆိုးဆေးတွေကြောင့်ရောဂါဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် အရောင်ဖျော့တဲ့ အတွင်းခံမျိုးကို ရွေးချယ်သင့်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations