ရှေးဘ၀က အတိတ်ကံမကောင်းခဲ့ဘူးလို့ပဲပြောရမယ်(မြန်မာအယူအဆနဲ့ဆိုရင်ပေါ့လေ) ။ထူးထူးခြားခြား ဖြစ်စဉ်များနဲ့သဘာဝမကျတဲ့ရုပ်ပိုင်းဆိုင်ရာများကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ချို့ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

1. Xiaolian

Xiaolian

 ဒီအမျိုးသားဟာ ကြီးမားတဲ့ Accident တစ်ခုကြောင့် နှာခေါင်းဟာပျက်စီးသွားခဲ့ပါတယ်။ သူ့နှာခေါင်းပျက်စီးသွားတာကြောင့်ဆရာဝန်နဲ့ပြန်ပြီး ခွဲစိတ်အစားထိုးခဲ့ရာမှာ ဆရာဝန်ဖြစ်သူက အသစ်ပြန်ပြင်နဲ့နှာခေါင်းကို နှာဖူးပေါ်မှာထူးထူးဆန်းဆန်း ဖန်တီးပြုပြင်ပေးခဲ့တယ်လို့သိရပါတယ်။

2. Kala Kaiwi

 Kala Kaiwi

 Hawaii မှာနေထိုင်သူ  Kala Kaiwi ဆိုတဲ့အမျိုးသားဟာ ကမ္ဘာ့နားရွက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခြင်းခံရသူတစ်ဦးပါ။ သူရဲ့နားရွက်ဟာ ၄လက်မ(၁၀.၆စင်တီမီတာ) ရှိပါတယ်။ သူ့နားရွက်တွေကို ကွေးပြီး အ၀ိုင်းပုံလုပ်လိုက်ရင် တစ်ချောင်းစာဝင်လို့ရတယ်လို့သိရပါတယ်။

3. Alex Lewis

Alex Lewis

တစ်နေ့မှာ Alex Lewis ဟာအပြင်းဖျားပြီး Coma ဇြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သောက်ရတဲ့ဆေးအချို့နဲ့ပိုးမွှားဝင်ရောက်ခဲ့မှုကြောင့်သူ့အရေပြားတွေပျက်စီးခဲ့ရပါတယ်။ လက်မောင်းနဲ့လက်ကို ဖြတ်တောက်ခဲ့ရပြီး ပါးစပ်ကတော့ ပုံမှာမြင်ရတဲ့အတိုင်း ဖြစ်သွားခဲ့ပါတယ်။

4. Carlos 'Halfy' Rodriguez

 Carlos 'Halfy' Rodriguez

 ပုံမှာမြင်ရတဲ့အတိုင်း Carlos 'Halfy' Rodriguez ဆိုသူအမျိုးသားဟာ ဆိုးဝါးတဲ့ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက်မှာ ဦးနှောက်နဲ့ဦးခေါင်းခွံဟာ အခုလိုပြားချပ်ပြီးပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

 Sanju Bhagat ဆိုသူအမျိုးသားဟာ ၉ လကိုယ်ဝန်ကိုဆောင်ခဲ့သူ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ဆရာဝန်တွေအစကထင်ခဲ့တာက ဒါဟာ ဗိုက်ကထွက်တဲ့ အသားလုံး အကျိတ်လို့ထင်ခဲ့ကြပေမဲ့ တကယ်တော့ သူတို့ထင်သလိုမဟုတ်ခဲ့ပါဘူး။ ဒါဟာမျိုးရိုးသန္ဓေသားကိုယ်ဝန်ဖြစ်နေခဲ့ပါတယ်။ Sanju Bhagat ဟာ သူ့ရဲ့အမွှာ လို့ပြောလို့ရတဲ့သန္ဓေသားကိုယ်ဝန်ကို လွယ်ထားရတာဖြစ်ပါတယ်။ တစ်ခါမှမကြုံဖူးတဲ့အခြေအနေမို့ ဆရာဝန်တွေလည်းတော်တော်ကို အံ့သြနေကြပါတယ်။နောက်ဆုံးမှာတော့အောင်မြင်စွာခွဲထုတ်ဖယ်ရှားနိုင်ခဲ့ပြီး Sanju Bhagat လည်းကျန်းမာစွာအသက်ဆက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations