ထိုင်းနိုင်ငံကကော်ဖီဆိုင်တစ်ခုမှာမော်ဒယ် တစ်ယောက်ဟာ မသင့်တော်တဲ့ဝတ်လစ်စလစ်ပုံစံမျိုးဝတ်စားထားပြီး လာရောက်အားပေးတဲ့ customerတွေကို Serviceပေးတယ်လို့သိရပါတယ်...

Arisa Suwannawong ဆိုသူပုံပါမော်ဒယ်မိန်းကလေးဟာ Prason Sukkorn ဆိုသူ ရဲ့ကော်ဖီဆိုင်မှာ လုပ်အားပေးသဘောနဲ့လာရောက်ကူညီရောင်းချပေးနေတာဖြစ်ပါတယ်။မော်ဒယ်မိန်းကလေးဟာ လူလာနည်း ပြီး ရောင်းအားမကောင်းတဲ့ဒီဆိုင်လေးကို ရောင်းအားတိုးစေချင်တဲ့စိတ်ကြောင့် အခုလိုဝတ်စားကာ ရောင်းချပေးခြင်းဖြစ်တယ်လို့ဆိုခဲ့ပါတယ်။လာရောက်အားပေးတဲ့ customer တွေကို" ကော်ဖီလေးကအရသာကောင်းပါတယ်၊ နို့တွေအများကြီးနဲ့ဖျော်ထားတာပါ၊ " စသည်ဖြင့် ဆွဲဆောင်ပြီး ရောင်းချဝန်ဆောင်မှုပေးတယ်လို့သိရပါတယ်။ ဒီလို အဖွယ်မရာပုံစံနဲ့ရောင်းချတာဟာ ကာမစိတ်ကို နိုးဆွပေးတဲ့ပုံစံ ဖြစ်နေတာကြောင့်ရဲစခန်းက ကော်ဖီဆိုင်ပိုင်ရှင်ကို အရေးယူထားပါတယ်။ ကော်ဖီဆိုင်ပိုင်ရှင်ဟာရဲတွေကို တောင်းပန်ပြီးသူဒီလိုလုပ်ခြင်းဟာ ကော်ဖီရောင်းကောင်းရုံသာဖြစ်ပြီး Sex ကိစ္စ နိုးကြွစေဖို့ မရည်ရွယ်ပါဘူးလို့ပြောကြားတောင်းပန်ခဲ့ပါတယ်။ ရဲအရာရှိတစ်ယောက်ပြောကြားထင်မြင်ချက်အရလည်း ဒီပိုင်ရှင်ဟာ သူ့ဆိုင်ရောင်းကောင်းဖို့စီးပွားရေးဆန်ဆန်တွေးခဲ့တာဖြစ်ပြီး ဥပဒေနဲ့မလွတ်ဘူးဆိုတာသူမသိခဲ့တာဖြစ်မယ်လို့ကော်ဖီပိုင်ရှင်ကို ငဲ့ညာစဉ်းစားပေးပါတယ်။မော်ဒယ်ကောင်မလေးဖြစ်သူ ပုံပါ အမျိုးသမီးပြောကြားချက်အရ သူတကယ်ကော်ဖီဆိုင်လေးအတွက်စိတ်မကောင်းဘူး၊ သူ့မှာရောင်းကောင်းပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ကူညီပေးရုံပါ ၊လူတွေသူ့ကိုနားလည်နိုင်ပါစေလို့ သူမကပြောကြားခဲ့ပါတယ်။ မော်ဒယ်မိန်းကလေးမှာ ကိုယ်လုံးတီး နဲ့ ၀န်ဆောင်မှုပေးတယ်လို့ အရေးယူထားကြပေမဲ့မိန်းကလေးဟာ လုံးဝကိုယ်လုံးတီးမဟုတ်တာတစ်ကြောင်း ပိုင်ရှင်မှာလည်း ဘယ်သူ့ကိုမှ ထိခိုက်ဖို့မရည်ရွယ်ခဲ့တာကြောင့် လက်ရှိမှာတော့ကော်ဖီဆိုင်ပိုင်ရှင်ကို ၃ နှစ်ကနေ ၅ နှစ်ထိ အရေးယူထားပြီး ထိုင်းဘတ်၁၀၀၀၀၀ ပေးဆောင်ရမယ်လို့သတ်မှတ်ထားပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations