ဒုတိယကမ္ဘာစစ်နဲ့ ပတ်သတ်ပြီး အချက်အလက်ပေါင်းမြောက်များစွာ ရရှိနိုင်သလို အမျိုးမျိုးသော ပါဝင်ပတ်သတ်ခဲ့မှုတွေ ရှိနေသော်လည်းပဲ စစ်ကြီးပြီးဆုံးလို့ နှစ်ပေါင်း ၇၀ ကြာတဲ့အထိ မဖြေရှင်းနိုင်သေးတဲ့ စိတ်ဝင်စားစရာ ဒဏ္ဍာရီဆန်ဆန်ထူးခြားချက်တွေ ရှိနေတုန်းပါပဲ။

ဒုတိယကမ္ဘာစစ်ဟာ ၁၉၃၉ ခုနှစ်နဲ့ ၁၉၄၅ ခုနှစ်အကြားမှာ လူပေါင်း ၈၅ သန်းကျော် သေဆုံးခဲ့ရတဲ့ သမိုင်းမှာ သွေးအစွန်းဆုံးနဲ့ အကျယ်ပြန့်ဆုံး ဖြစ်ခဲ့တဲ့ ကမ္ဘာစစ်ကြီးတစ်ခုပါပဲ။ စစ်ပွဲမှာ အဓိကပါဝင်ပတ်သတ်ခဲ့ကြတဲ့ အဒေါ့ ဟစ်တလာ၊ ဝင်စတန်ချာချီ၊ ဂျိုးဆက်စတာလင် စတဲ့ သူတွေ၊ ဆန့်ကျင်ဘက် မဟာမိတ်တွေနဲ့ ဝင်ရိုးတန်းအင်အားကြီးနိုင်ငံတွေ ပါဝင်ခဲ့တာကိုတော့ အများသိပြီးသားပါ။

အများအားဖြင့်လည်း ဒုတိယကမ္ဘာစစ်ဟာ လူ့သမိုင်းမှာ လူပြောအများဆုံးနဲ့ ဆွေးနွေးမှုအများဆုံးဖြစ်ရပ်ကြီးတစ်ခုအနေနဲ့ မရေမတွက်နိုင်တဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေနှင့် တီဗီဇာတ်လမ်းတွဲတွေ ရိုက်ကူးတင်ဆက်ကြပြီး ကမ္ဘာ့လူသား အားလုံးအပေါ် တိုက်ရိုက်သက်ရောက်မှု အကြီးမားဆုံးဖြစ်ရပ်ကြီး တစ်ခုပါပဲ။

ဒုတိယကမ္ဘာစစ်နဲ့ ပတ်သတ်ပြီး အချက်အလက်ပေါင်းမြောက်များစွာ ရရှိနိုင်သလို အမျိုးမျိုးသော ပါဝင်ပတ်သတ်ခဲ့မှုတွေ ရှိနေသော်လည်းပဲ စစ်ကြီးပြီးဆုံးလို့ နှစ်ပေါင်း ၇၀ ကြာတဲ့အထိ မဖြေရှင်းနိုင်သေးတဲ့ စိတ်ဝင်စားစရာ ဒဏ္ဍာရီဆန်ဆန်ထူးခြားချက်တွေ ရှိနေတုန်းပါပဲ။

အဒေါ့ဟစ်တလာရဲ့ “Führer Globe” လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးရဲ့ ခေါင်းဆောင်အကြောင်းနဲ့ “The Great Dictator” လို့ အမည်ရတဲ့ ၁၉၄၀ ခုနှစ်က ချာလီချက်ပလင်ရဲ့ နာမည်ကျော်ရုပ်ရှင်အကြောင်းဟာ လူတွေ သိပ်မသိတဲ့ ဥပမာပါပဲ။ ဒါ့အပြင် ပဋိပက္ခတွေ ပြင်းထန်နေစဉ်ကာလအတွင်း “Foo Fighters” လို့ လူသိများခဲ့တဲ့ ထူးဆန်းတဲ့ UFOs တွေ ဘယ်ကနေ ထွက်ပေါ်လာခဲ့သလဲ၊ ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်ဆက်တွဲ အနေနဲ့ သမိုင်းဝင် ဘာမြူဒါ တြိဂံဒေသမှာ ဆီဖြည့်ပေးတဲ့ လေယာဉ်ပျံ ၁၉ စီး ထူးဆန်းစွာ ပျောက်ဆုံးခဲ့ရတဲ့ ကိစ္စတွေမှာ ဘာရယ်လို့ တိတိကျကျ မသိခဲ့ရပါဘူး။

ဒီနေရာမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အထူးဆန်းဆုံးနဲ့ ဒဏ္ဍာရီလို မဖြေရှင်းနိုင်သေးတဲ့ သဘာဝယုတ္တိလွန်ကိစ္စ ၁၀ ချက်ကို ဖော်ပြချင်ပါတယ်။ ဒီအကြောင်း ၁၀ ချက်ထဲက တချို့ဟာ အလွန်အမင်း ထူးဆန်းနေတာတွေလည်း ပါနေပါသေးတယ်။

၁၀။ Foo Fighters တွေဟာ ဥရောပနဲ့ ပစိဖိတ်ဝေဟင်ကို ဖြတ်ကျော်ခဲ့တဲ့ UFOs တွေလို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ ဖြေရှင်းချက်တစုံတရာ မတွေ့မိသေးပါဘူး။

၁၀။	Foo Fighters တွေဟာ ဥရောပနဲ့ ပစိဖိတ်ဝေဟင်ကို ဖြတ်ကျော်ခဲ့တဲ့ UFOs တွေလို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ ဖြေရှင်းချက်တစုံတရာ မတွေ့မိသေးပါဘူး။

လူအများစုဟာ Foo Fighters ဆိုတာကို Nirvana အဖွဲ့က Drum သမား ဒေ့ဂရောဟ်လ် (Dave Grohl) တည်ထောင်ခဲ့တဲ့ Seattle rock band ကို သိကြသလိုပဲ နေပါလိမ့်မယ်။ ဒါပေမယ့် ဒီအသုံးအနှုန်းဟာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တွေရဲ့ လေတပ်ပိုင်းလော့တွေက အမျိုးအမည်မသတ်မှတ်နိုင်တဲ့ ယာဉ်ပျံတွေ (UFOs – Unidentified Flying Objects) အဖြစ် စတင်အမည်ပေးခဲ့ကြတာပါ။

အစဆုံးကတော့ စစ်ကြီးအတွင်း US 415th အမျိုးအစား ညတိုက်ခိုက်ရေးလေတပ်ဖွဲ့ဟာ  မြင်တွေ့ရတဲ့ UFOs တွေ အားလုံးကို Foo fighter အဖြစ် သတ်မှတ်ခဲ့ကြတာပါ။ အဲဒီ နိုဝင်ဘာ၊ ၁၉၄၄ ခုနှစ်က စပြီးတော့မှ စစ်တပ်သုံးစကားဖြစ်လာခဲ့တယ်။ နောက်ပြီး ဥရောပနဲ့ ပစိဖိတ်စစ်မြေပြင်မှာ ကျန်ရစ်ခဲ့တဲ့ UFOs တွေကို ညွှန်းရင်းကမှ ဒီအသုံးအနှုန်းဟာ အထက်က ပုံမှာဖော်ပြထားတဲ့ ထူးဆန်းတဲ့ ယာဉ်ပျံတွေလို ကောင်းကင်ယံမှာ ဆန်းကြယ်တဲ့ သဘာဝဖြစ်စဉ်တွေကို အမည်ပေးခဲ့ကြတာပါ။

အနောက်အင်အားကြီးအဖွဲ့က စစ်တပ်ပြောရေးဆိုခွင့် ရှိသူတစ်ဦးကတော့ Foo Fighters တွေဟာ မဟာမိတ်တွေ တပ်စွဲထားတဲ့အနီးမှာ ပေါက်ကွဲအောင်ပြုလုပ်မယ့် ကောင်တွေ၊ သူတို့တွေကို လာရောက် ထောက်လှမ်းတဲ့ အရာတွေအဖြစ် အသုံးပြုတဲ့  နာဇီတွေရဲ့ လျှို့ဝှက်လက်နက်တွေလို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမယ့်လည်း ၁၉၅၃၊ ဇန်နဝါရီမှာ ဒီ UFOs တွေဟာ ဘာရယ်လို့ တိတိကျကျ သတ်မှတ်နိုင်ဖို့ ရောဘတ်ဆန် ပန်နယ် Robertson Panel လို့ ခေါ်တဲ့ သိပ္ပံပညာဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စုံစမ်းဖော်ထုတ်နိုင်မှုတွေမှာ ကောက်ချက်တစုံတရာ မပေးနိုင်ခဲ့ဘဲ အဆုံးသတ်ခဲ့ရပါတယ်။

ဖြစ်နိုင်ခြေတစ်ခုကတော့ St Elmo’ Fire လို့ခေါ်တဲ့ လေထုထဲက လျှပ်စစ်စက်ကွင်းတွေ ရာသီဥတုနဲ့ ဆိုင်တဲ့ သဘာဝဖြစ်ရပ်တွေနဲ့ အလင်းရောင်တန်းတွေရဲ့ လှုပ်ရှားမှု ဖြစ်စဉ်တွေလို့ သတ်မှတ်ခဲ့ကြပါတယ်။ နောက်ထပ်သီအိုရီတစ်ခုအဆိုအရတော့ ဒါဟာ အလင်းတန်းတွေရဲ့ ရွေ့လျားမှုဟာ တောက်ပပြီး လုံးဝန်းတဲ့သဏ္ဍာန်ရှိတဲ့ မိုးကြိုးအလင်းတန်းတွေ လေထုထဲမှာ ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။

စာရေးဆရာ Renato Vesco ကတော့ ဒါတွေဟာ နာဇီတွေရဲ့ လျှို့ဝှက်လက်နက်တွေပဲလို့ ယုံကြည်နေဆဲပါပဲ။ သို့သော်လည်း Foo Fighter တွေဟာ Feuerball လို့ ခေါ်တဲ့ ဂျက်ရဲ့ ပေါက်ကွဲအားနဲ့ မြေပြင်ကနေ အလိုလျောက်ပစ်လွှတ်တဲ့ အရာတွေလို့  သက်သေတစုံတရာ မပြနိုင်သော်လည်း အခိုင်အမာဆိုပါတယ်။

ဒီလို ဆိုခြင်းအားဖြင့်တော့ ဖြေရှင်းချက်တိတိကျကျ ပေးတယ်ရယ်လို့ မဆိုနိုင်ပါဘူး။

၉။ ဆွီဒင်လူမျိုး စီးပွားရေးသမား ရာအူးလ်ဝေါ်လန်ဘာ့ (Raoul Wallenberg)ဟာ ဘူဒါပက်က ဂျူးလူမျိုးတွေကို ကယ်တင်ခဲ့သူပါ။ ဒါပေမယ့် သူဟာ ၁၉၄၅ ခုနှစ်က ဆိုဗီယက်တွေရဲ့ အကျဉ်းချမှုခံခဲ့ရပြီး လုံးလုံး ပျောက်ကွယ်သွားခဲ့တယ်။

၉။ ဆွီဒင်လူမျိုး စီးပွားရေးသမား ရာအူးလ်ဝေါ်လန်ဘာ့ (Raoul Wallenberg)ဟာ ဘူဒါပက်က ဂျူးလူမျိုးတွေကို ကယ်တင်ခဲ့သူပါ။ ဒါပေမယ့် သူဟာ ၁၉၄၅ ခုနှစ်က ဆိုဗီယက်တွေရဲ့ အကျဉ်းချမှုခံခဲ့ရပြီး လုံးလုံး ပျောက်ကွယ်သွားခဲ့တယ်။

Raoul Gustaf Wallenberg ဟာ လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ ဟန်ဂေရီက ဂျူးလူမျိုး ခြောက်သောင်းကျော်ကို ပတ်စ်ပို့အတု လုပ်ပေး၊ ပုန်းခိုစရာနေရာထိုင်ခင်းတွေပေးခဲ့ပြီး အစားအစာ၊ စွပ်ပြုတ်တွေ ကျွေးပြီး ငရဲခန်းထဲက သူတို့ကို ပြုစုစောင့်ရှောက် အကူအညီတွေးပေး ကယ်တင်ခဲ့သူဖြစ်လို့ သူ့ကို ဒုတိယကမ္ဘာစစ်ရဲ့ လူသားချင်းစာနာကူညီသူ သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဆိုဗီယက်တွေ အရှေ့ဥရောပကို ပြန်လည်သိမ်းပိုက်နိုင်လာပြီး တတိုင်းပြည်ပြီး တတိုင်းပြည် လွတ်မြောက်လာစေတဲ့အခါ အဆိုပါ ဆွီဒစ်စီးပွားရေးသမားဟာ သူလျှိုအဖြစ် မသင်္ကာမှုနဲ့ တပ်နီတော်က ဘူဒါပတ်ကို ပြန်လည်စုစည်းစဉ်အတွင်း အကျဉ်းချထားခံခဲ့ရပါတယ်။

၁၉၄၇ခုနှစ်၊ ဇူလိုင် ၁၇ ရက်နေ့မှာတော့ ဝေါ်လန်ဘာ့ဟာ ကေဂျီဘီရဲ့ လူဗျန်ခါ အကျဉ်းထောင်က သူ့အခန်းကလေးထဲမှာ သေဆုံးခဲ့ပါတယ်။ ဒီအကြောင်းကို ဆိုဗီယက်တွေရဲ့ ရှင်းတမ်းစာရွက်စာတမ်းတွေထဲမှာ -

လူကြီးမင်းတို့ သိပြီးသား အကျဉ်းသား ဝေါ်လန်ဘာ့ဟာ အဲဒီညက သူ့အခန်းကျဉ်းလေးထဲမှာ ရုတ်တရက်သေဆုံးခဲ့ပါတယ်။ Heart attack ဒါမှမဟုတ် Heart Failure ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ လူကြီးမင်းတို့၏ ညွှန်ကြားချက်အတိုင်း ကျွန်တော်ဟာ ဝေါ်လန်ဘာ့ကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ သေဆုံးရခြင်းအကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးကြည့်ဖို့လည်း အတည်ပြုချက် တောင်းခဲ့ပါတယ်။ ဝန်ကြီးတစ်ဦးကိုပါ ကျွန်တော်ကိုယ်တိုင် တောင်းဆိုခဲ့ပေမယ့် သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခြင်း မပြုလုပ်ဘဲ သဂြိုလ်ဖို့ အမိန့်ပေးပြီးသား ဖြစ်ခဲ့ပါတယ်။

ဒီရှင်းပြချက်တွေကို မယုံကြည်သူတွေရှိနေတုန်းပါပဲ။ ပြီးတော့ ၁၉၉၁ ခုနှစ် ရုရှားအစိုးရက Vyacheslav Nikonov ကို ဝေါ်လန်ဘာ့ရဲ့ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ မေးမြန်းခဲ့ပါတယ်။ နောက်ဆုံးစုံစမ်းစစ်ဆေးမှုတွေအရ သူဟာ ၁၉၄၇ ခုနှစ်က လူဗျန်ခါ အကျဉ်းထောင်မှာ The Soviet secret services အဖွဲ့ရဲ့ မေးမြန်းစစ်ဆေးရင်း စီ-2 အဆိပ် (carbylamine-choline-chloride) နဲ့ လုပ်ကြံကွပ်မျက်ခဲ့လို့သာ အလောင်းကို မခွဲစိတ်မစစ်ဆေးပဲ သဂြိုလ်ခဲ့ပုံရတယ်လို့ ဆိုထားပါတယ်။

အဲဒီနှစ်တွေကတည်းက အခြားသော ကောလဟာလတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ဝေါ်လန်ဘာ့ဟာ သေနတ်နဲ့ အပစ်ခံခဲ့ရတယ်။ ဒါက အဆိပ်မိခဲ့တယ်ဆိုတာရဲ့ တခြားအဓိပ္ပါယ်အနေနဲ့ပါ။ ဒါမှမဟုတ် သူဟာ သေအောင် အရိုက်ခံခဲ့ရတယ် ဆိုတာမျိုးတွေပါ။ လူပြောများတာကတော့ ၁၉၈၇ ခုနှစ်အထိ ဝေါ်လန်ဘာ့နဲ့ စကားပြောခဲ့ရတဲ့ အခြားသော အကျဉ်းသားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ တချို့ကလည်း သူဟာ အစောပိုင်းကာလတွေမှာ လုပ်ကြံမခံခဲ့ရဘဲ နှစ်ပေါင်း ၄၀ ကျော်ကြာ အကျဉ်းချထားခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြေရှင်းချက်တွေအားလုံးမှာ ဘာကြောင့် သူ ဒီလို ထောင်သွင်းအကျဉ်းချခံရတယ် ဒါမှမဟုတ် အသတ်ခံရတယ်ဆိုတာကို ဖြေရှင်းချက်အနေနဲ့ မပါဝင်သေးပါဘူး။ ဒါပေမယ့်  ယူအက်စ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေအရ သူဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိသူလို့ ထည့်သွင်းခံရပြီး အသတ်ခံလိုက်ရတာမျိုးဖြစ်ပုံရပါတယ်။ တကယ့်ကို ထူးဆန်းတဲ့ အဖြစ်မျိုးပါပဲ။

၈။ အဒေါ့ဟစ်တလာအကြောင်းရိုက်ကူးထားတဲ့ ချာလီချက်ပလင်ရဲ့ The Great Dictator ဆိုတဲ့ ကမ္ဘာကျော်ရုပ်ရှင်ကားတစ်ကား ရှိခဲ့ပါတယ်။ ဒါမေယ့် ဒီရုပ်ရှင်ကားဟာ စစ်ကြီးအပြီးမှာ လုံးလုံး ပျောက်ဆုံးသွားခဲ့တယ်။

၈။ အဒေါ့ဟစ်တလာအကြောင်းရိုက်ကူးထားတဲ့ ချာလီချက်ပလင်ရဲ့ The Great Dictator ဆိုတဲ့ ကမ္ဘာကျော်ရုပ်ရှင်ကားတစ်ကား ရှိခဲ့ပါတယ်။ ဒါမေယ့် ဒီရုပ်ရှင်ကားဟာ စစ်ကြီးအပြီးမှာ လုံးလုံး ပျောက်ဆုံးသွားခဲ့တယ်။

“The Führer Globe” or “The Columbus Globe for State and Industry Leaders” ဆိုတဲ့ ရုပ်ရှင်ကားဟာ သူ့အတွက် ဂုဏ်ပြုစရာတွေကို အပြည့်အဝမဖော်ကျူးနိုင်သော်လည်းပဲ နာဇီခေါင်းဆောင် အဒေါ့ဟစ်တလာအတွက် ရည်ရွယ်ပြီး ရိုက်ကူးထားတာပါ။

The Great Dictator ရုပ်ရှင်ကားမှာ ချာလီချက်ပလင်ဟာ လိုက်လျောညီထွေစွာ အာဏရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဟစ်တလာဟာ အလွန်တရာကုန်ကျစရိတ်ကြီးမားတဲ့ သစ်သားနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာလုံးပုံကြီးနှစ်ခုကို ကိုလံဘတ်စက်ရုံကို ပြုလုပ်ဖို့ စေခိုင်းခဲ့ပါတယ်။ ဒါပေမယ့် နယူးရိခ်ျ New Reich Chancellery မှာ ထိမ်းသိန်းထားတဲ့ တစ်ခုကိုတော့ မဟာမိတ်တွေ လုံးဝ ရှာမတွေ့ခဲ့ပါဘူး။

ဆိုဗီယက်တွေနဲ့ အမေရိကန်စစ်သားတွေ ပစ်ခတ်ထားလို့ ကျည်ဆန်ပေါက်တွေဖြစ်နေတဲ့ အခြားပုံတူနာဇီကမ္ဘာလုံးပုံဟာ တကယ်ရှိပါတယ်။ ဒါပေမယ့် ဟစ်တလာကမ္ဘာလုံးပုံ အခုချိန်မှာ ဘယ်ရောက်နေတယ်ဆိုတာ မသိရပါဘူး။

ဆိုဗီယက်ပြည်ထဲရေးဝန်ကြီး Lavrentiy Beria ဟာ တပ်နီတော်က ဘာလင်ကို သိမ်းပိုက်ပြီးတဲ့အခါတုန်းက ရိခ်ျပြည်နယ်အဓိပတိကို ဒီကိစ္စကို ပထမဆုံးစစ်ဆေးခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာလုံးပုံကို လူဗျန်ခါမှာ ရှိတဲ့ ကေဂျီဘီဋ္ဌာနချုပ်ကို ယူဆောင်သွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီမှာ ရှိတယ်/ မရှိဘူးဆိုတာ ကေဂျီဘီ(အခု FSB)က  အတည်ပြုပြောဆိုခြင်းမရှိသလို ငြင်းလည်း မငြင်းခဲ့ပါဘူး။

စိတ်ဝင်စားစရာကောင်းတာက အမေရိကန်စစ်သားတွေဟာ ကမ္ဘာလုံးပုံကို ဟစ်တလားရဲ့ သိန်းငှက်ပုံအဆောက်အဦးရဲ့ အပျက်အစီးပုံတွေထဲမှာ ရှာဖွေတွေ့ရှိခဲ့ပေမယ့် The Führer Globe အနေနဲ့ အလွန်တရာ သေးငယ်လွန်းတယ်လို့ ယူဆခဲ့ကြပါတယ်။

အဲဒီကမ္ဘာလုံးပုံကို ၂၀၀၇ ခုနှစ်မှာ ပေါင် ၆၈၀၀၀ (ဒေါ်လာ တစ်သိန်း)နဲ့ ရောင်းခဲ့ပါတယ်။ ဒါပေမယ့်ဟစ်တလာ့ကမ္ဘာလုံးဟာ ဘာဖြစ်သွားတယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။

၇။ ဘာမြူဒါတြိဂံဒေသကို ဖြတ်သွားတဲ့ လေယာဉ်အမှတ် - ၁၉ မှာ ယာဉ်ပေါ်ပါတဲ့ လူ ၁၄ဦးနဲ့ အတူ ရှာဖွေ မတွေ့တော့ခြင်း

၇။	ဘာမြူဒါတြိဂံဒေသကို ဖြတ်သွားတဲ့ လေယာဉ်အမှတ် - ၁၉ မှာ ယာဉ်ပေါ်ပါတဲ့  လူ ၁၄ဦးနဲ့ အတူ ရှာဖွေ မတွေ့တော့ခြင်း

ဘာမြူဒါတြိဂံဒေသက ဒဏ္ဍာရီဟာ ဒီကနေ့ထိ ရှိနေတုန်းပါပဲ။ ဖလော်ရီဒါအရှေ့ဘက်ကမ်းခြေအနီးမှာ လေယာဉ် ၁၉စီး အဖြစ်အပျက်နောက် နာမည်ကျော် ပျောက်ကွယ်သွားမှုတွေ အများကြီး ရှိခဲ့ပါတယ်။

စစ်ကြီး ပြီးဆုံးပြီး လအနည်းငယ်ကြာပြီဆိုပေမယ့် စစ်ဖြစ်နေဆဲ ၁၉၄၅၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ နောက်ပိုင်းမှာ ယာဉ်အမှတ် ၁၉ အဖြစ် လူသိများခဲ့တဲ့ TBM Avenger Torpedo bombers ငါးဦး နှင့် သူတို့ကို ရှာဖွေဖို့ လွှတ်လိုက်တဲ့ Lauderdale, Florida က ယူအက်စ် ရေတပ်မှ လေကြောင်းပျံသန်းရေး ညွှန်ကြားသူတွေအားလုံးဟာလည်း ပျောက်ဆုံးသွားခဲ့ကြပါတယ်။ လေယာဉ်ပေါ်က လူ ၁၄ ဦးနဲ့အတူ သေဆုံးကုန်တယ်လို့ ယူဆခဲ့တဲ့ စုစုပေါင်း ၂၇ ဦး ပျောက်ဆုံးခဲ့တာပါ။

ရေတပ်ရဲ့ မူရင်း အစီရင်ခံစာမှာ တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ Lieutenant Charles Taylor ဟာ သူ့လက်အောက်ငယ်သားတွေကို ဦးဆောင်ရင်း ဓာတ်ဆီကုန်အထိ မောင်းနှင်ရင်းကနေ ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။လက်အောက်က ဂျူနီယာပိုင်းလော့တွေဟာ သူတို့ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ ပြောဆိုခဲ့ပြီး ဘာမြူဒါတြိဂံဒေကနေ ဖလော်ရီဒါကို ပြန်လှည့်ဖို့ အတင်းအကျပ်ပြောဆိုခဲ့ကြပေမယ့် တေလာက ငြင်းပယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

နောက်ပိုင်းမှာ အမည်မသိတဲ့ ဖြစ်ရပ်တစ်ခုကြောင့် လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရေတပ်စုံစမ်းစစ်ဆေးရေး အရာရှိတွေကတော့ ယာဉ်အမှတ် - ၁၉ ပျောက်ဆုံးမှုအတွက် အကြောင်းပြချက်တစုံတရာပေးဖို့ မတတ်နိုင်ခဲ့ကြပါဘူး။ အလောင်းတွေ၊ လေယာဉ်ရဲ့ အပိုင်းအစတစ်ခုကို ရှာဖွေမတွေ့နိုင်တော့တဲ့နောက်တော့ ဘာမြူဒါတြိဂံဒေက ဒဏ္ဍာရီအဖြစ် ပြောဆိုခဲ့ကြပါတယ်။

သဘာဝလွန်ဖြစ်ရပ်ဆန်းသီအိုရီတွေအရတော့ ဒါဟာ ကမ္ဘာပေါ်က အင်အားကြီးအရာတစ်ခုခုက ယာဉ်အမှတ် ၁၉ ကို ဖျက်ဆီးပစ်ခဲ့ကြတာလား လို့ အဖြေထုတ်ကြပါတယ်။

၆။ ဟစ်တလာကို ယုံကြည်အားထားတဲ့ သူတွေရဲ့ ဒဏ္ဍာရီဆန်ဆန် Blutfahne လို့ခေါ်တဲ့ နာဇီသွေးနဲ့ ပြုလုပ်ထားတဲ့ အလံတော်ဟာ ဘာဖြစ်သွားလဲဆိုတာကို ဘယ်သူမှတိတိကျကျ မသိကြပါဘူး။

၆။ ဟစ်တလာကို ယုံကြည်အားထားတဲ့ သူတွေရဲ့ ဒဏ္ဍာရီဆန်ဆန် Blutfahne လို့ခေါ်တဲ့ နာဇီသွေးနဲ့ ပြုလုပ်ထားတဲ့ အလံတော်ဟာ ဘာဖြစ်သွားလဲဆိုတာကို ဘယ်သူမှတိတိကျကျ မသိကြပါဘူး။

တကယ်ကို ထင်ရှားလူသိများလှပြီး အလေးအမြတ်ထားကြတဲ့ နာဇီတွေရဲ့ အလံတော် Blutfahne ကိစ္စကလည်း အငြင်းပွားမှုတွေ ရှိပေမယ့် ဘာတွေဖြစ်လာခဲ့လဲဆိုတာကတော့ စိတ်ဝင်စားစရာကိစ္စတစ်ခုပါပဲ။

နာဇီတွေရဲ့ အမှတ်တံဆိပ်ဖြစ်လာခဲ့တဲ့ စကြာတံဆိပ်အလံတော်ဟာ ဟစ်တလာကိုယ်တိုင် ပုံစံရေးဆွဲခဲ့တာလို့ ဆိုပါတယ်။ ၁၉၂၃ ခုနှစ် နိုဝင်ဘာက ဟစ်တလာ တက်ရောက်ခဲ့တဲ့ မြူးနစ်၊ ဘီယာခန်းမမှာ အင်အားသုံးပြီး အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းရာမှာ အလယ်မှာအမှတ်တံဆိပ်ပါတဲ့ အဖြူရောင်အလံဟာ သွေးစွန်းခဲ့ပြီး သယ်ဆောင်လာခဲ့ပါတယ်။ အဲဒီအလံကို လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်နေစဉ်အတွင်း နာဇီသွေး မြေပေါ်မကျခင် SA (ရှပ်ညိုဝတ်တွေ) က သယ်ဆောင်ခဲ့ကြတာကို မြူးနစ်ရဲတွေက တားဆီးကာ အလံကို မြေပေါ်ချစေခဲ့ပါတယ်။

Blutfahne အလံတော်ဖြစ်ရပ်မှာ လူအများစုပြောနေကျ အဆိုအရတော့ ဒဏ်ရာတွေနဲ့ အလံတော်ကို သယ်ဆောင်လာသူ Heinrich Trambauer ဟာ သွေးစွန်းနေတဲ့အလံတော်ကို ကိုင်ပြီး သူ့မိတ်ဆွေ အိမ်ဆီ အပြေးသွားခဲ့ပါတယ်။ ပြီးတော့ အလံတော်ကို သူ့ဂျက်ကက်ထဲမှာ ဝှက်ထားခဲ့ပါတယ်။ အဲဒီနောက် ဟစ်တာလာကို အလံပြန်ပေးပြီးပြီလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီဇိုင်းပုံစံအသစ်ကို Landsberg အကျဉ်းထောင်က လွတ်မြောက်တဲ့ပြီးနောက်မှာ ဘီယာခန်းမ အာဏာသိမ်းမှုမှာ သေဆုံးခဲ့ဆဲ့ နာဇီ ၁၆ ဦးရဲ့ အထိမ်းအမှတ် ငွေရောင်လက်ပုံတွေ ထည့်သွင်းပြီး တွဲချိတ်ပုံဖော်ထားခဲ့ပါတယ်။

အလံတော်ဟာ ၁၉၂၃ ခုနှစ် နိုဝင်ဘာက သယ်ဆောင်ခဲ့တဲ့ တစ်ခုနဲ့ ပုံစံမတူ တမူထူးပြီး ခြောက်ကပ်နေတဲ့ သွေးစွန်းတွေနဲ့ အရောင်မရှိတဲ့ ပုံစံပါ။ ဒါဟာ Blutfahne အလံတော် မွေးဖွားလာခြင်းအကြောင်းရင်းရဲ့ လူပြောသူပြောများတဲ့ အကြောင်းပါ။ဟစ်တလာက Blutfahne ကို နုရင်ဘတ် နှစ်လည်လူထုစည်းဝေးပွဲမှာ လက်တစ်ဘက်က အလေးအမြတ်ထားတဲ့ စကြာတံဆိပ်ကို ကိုင်ဆောင်ပြီး ထုတ်ဖော်ပြသခဲ့ပါတယ်။ တခြားအချိန်တွေမှာတော့ အဲဒီအလံတော်ကို မြူးနစ်မှာရှိတဲ့ နာဇီပါတီဋ္ဌာနချုပ် Brown House မှာ ထိမ်းသိန်းထားလိမ့်မယ်လို့ ဆိုကြပါတယ်။

၁၉၄၄ ခု အောက်တိုဘာတုန်းက Heinrich Himmler ရဲ့ Volkssturm  အထိမ်းအမှတ်ပွဲတော်နောက်ဆုံး တွေ့မြင်ခဲ့ကြရပြီး Blutfahne ဟာ ဘာဆက်ဖြစ်တယ်ဆိုတာ မသိကြရတော့ပါဘူး။ မဟာမိတ်တွေကတော့ မြူးနစ်မြို့အဆက်မပြတ် ဗုံးကြဲခံရနေစဉ်မှာ သူတို့တွေ ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် များစွာသော လူတွေဟာ နာဇီတွေရဲ့ အလေးမြတ်ထားစရာ အလံတော်ကို ပိုင်ဆိုင်တယ်လို့ ထုတ်ဖော်ပြောဆိုကြပြီးတဲ့ နောက်ပိုင်းမှာတော့ သူတို့တွေ လက်မခံကြတော့ပါဘူး။

ဒီကနေ့အချိန်အခါထိ Blutfahne အလံတော်ဟာ တနေရာရာမှာ ရှိနေသေးသလား.။။။။။



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations