ဝက်လိုအနံ့ခံကောင်းတဲ့ ဆိုင်ကယ်သမားဆရာဝန်ဟာ စောက်ရမ်းကောင်းတဲ့ ဓာတ်ပုံတစ်ပုံတော့ရိုက်နိုင်ခဲ့သား။

တော်လှန်ရေးဆိုတာ ရင့်မှည့်လို့ ကြွေကျလာတဲ့ ပန်းသီးတစ်လုံး မဟုတ်ပါဘူး။ ကြွေကျလာအောင် လုပ်ယူရတာပါ။

၁၉၅၃ - ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးစွန့်စားခန်းတွေအလွန်မှာ Che Guevara ချီဂွေဗားရားရဲ့ရှင်သန်ဆဲ ပုံရိပ်တွေဟာ ခေတ်သစ်ပေါ့ယဉ်ကျေးမှုရဲ့ သမိုင်းမော်ကွန်းတင်စရာတွေထဲက တစ်ခုအပါအဝင်ဖြစ်နေပါသေးတယ်။ အဲဒီတော်လှန်ရေးရဲ့ ပုံရိပ်တွေဟာ ကွန်မြူနစ်စနစ်ယုံကြည်သူတစ်ယောက်ရဲ့ ရှုပ်ထွေးလှတဲ့ ပုံရိပ်တွေဖြစ်ပေမယ့် ဒီနေ့ခေတ် ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ၊ အတွေးအခေါ်တွေ၊ စာပေဖန်တီးမှုတွေမှာ နေရာတကာ ပျံ့နှံ့နေဆဲပါ။ ချေရဲ့ မူလဇာတိအကြောင်းတွေ၊ ခရီးကြမ်းအကြောင်းတွေ၊ သူ့အပေါ်လွှမ်းမိုးသူတွေ၊ ပတ်သတ်ဆက်စပ်သူတွေနဲ့ နိုင်ငံရေးပုံရပ်တွေစတဲ့ လျှို့ဝှက်ချက်များစွာဟာ သူ့ရဲ့ တော်လှန်ရေးစွန့်စားခန်းတွေထက် အမှတ်တရရှိနေမှုအများကြီး ရှိပါသေးတယ်။ ပြီးတော့ တော်လှန်ရေးဆီ ချီရာလမ်းမှာ ကြုံတွေ့ရတဲ့ လူတစ်ယောက်ရဲ့အကြောင်းကို ပြောနေကြပါသေးတယ်။

၁၀။ တကယ့်နာမည်က Ernesto Guevara De La Serna Lync

၁၀။ တကယ့်နာမည်က Ernesto Guevara De La Serna Lync crowdact.com

တော်လှန်ရေးအကြောင်းမှတ်သားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကတော့ Ernesto Guevara de la Serna Lynch ဆိုတဲ့ သူ့နာမည်အတိအကျကို ဖော်ပြထားချက်ပါပဲ။ ဒါကြောင့်မို့ Che ချေ ဆိုတာ ဘယ်ကလာသလဲ။ ပြီးတော့ Lynch လို့ ပေးထားတဲ့ နာမည်ကရော ဒီကမ္ဘာပေါ်မှာ တကယ် ရှိရဲ့လား။

အစကပြောရရင် စပိန်နဲ့ ပြင်သစ်အနောက်ဘက်တောင်တန်းတွေဆီက ဒေသခံမိသားစုတစ်ခုမှာ မွေးဖွားခဲ့တဲ့ အိုင်းရစ်အနွယ် မစ္စတာ အာနက်စတို ဂွေဗားရားဟာ ကလေးငါးယောက်မှာ အကြီးဆုံးပါ။

ဗိုလ်ချုပ်ဖရန်ကို ကို တိုက်ခဲ့တဲ့ စပိန်ရီပက်ဘလီကန်တွေရဲ့ စစ်ပွဲမှာ သူ့အဖေဟာပါဝင်ခဲ့ပြီး သူ့မိသားစုရဲ့ နိုင်ငံရေးယုံကြည်ချက်တွေ သူ့အပေါ်ကို များစွာ လွှမ်းမိုးခဲ့ပါတယ်။

ဗြိတိန်တွေကို အိုင်းရစ်ရီပက်ဘလီကန်တွေနဲ့အတူ တိုက်ခိုက်ခဲ့တဲ့ သူ့သားရဲ့အကြောင်းကို သူ့အဖေက …ပထမဆုံးမှတ်သားထားရမယ့် အရာကတော့ အိုင်းရစ်သူပုန်သွေးတွေဟာ ကျုပ်သားရဲ့ သွေးပြန်ကြောတွေထဲ စီးဆင်းနေခဲ့တာ….လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ချေ ဆိုတဲ့ နာမည်အတိုင်း အာနက်စတိုဂွေဗာရားဟာ သိပ်မကြာခင်မှာပဲ  သူငယ်ချင်းအပေါင်းအသင်းတွေအကြား ခဏခဏ ပြောဆိုသုံးနှုန်းကြရာကနေ ချေဂွေဗားရား လို့ လူသိများလာခဲ့တယ်။ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ နာမည်အမျိုးမျိုးခေါ်ကြပေမယ့် ချေဂွေဗားရားကိုတော့ သူတို့တတွေဟာ man, ဒါမှမဟုတ် dude ဒါမှမဟုတ် bro လို့ပဲ ခေါ်ခဲ့ကြတယ်။ ဒါကြောင့် သူ့ကို Bro Guevara လို့ အမြဲတမ်း ညွှန်းခေါ်ကြတယ်။ သူကိုယ်တိုင်လည်း အဲဒီလိုခေါ်တာကို ကြိုက်တယ်လေ။

၉။ သူဟာ ကျူးဘန်း(Cuban) အဖြစ်သာမက အာဂျင်တိုင်း(Argentinian) တစ်ယောက်

၉။ သူဟာ ကျူးဘန်း(Cuban) အဖြစ်သာမက အာဂျင်တိုင်း(Argentinian) တစ်ယောက် Matias Sarlo/AP

ကျူးဘားသမိုင်းယဉ်ကျေးမှုနဲ့ အဓိကအားဖြင့် ပါဝင်နေသော်လည်း ချေဂွေဗားရားဟာ အာဂျင်းတိုင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

ချေဟာ အာဂျင်တီးနား၊ ရိုဆာရီယိုမှာ ၁၉၂၈ ခုနှစ်၊ ဇွန် ၁၄ က မွေးဖွားခဲ့ပြီး သူ့မွေးရပ်မြေမှာပဲ ပညာသင်လူလားမြောက်ခဲ့တယ်။ ဆူးခင်းလမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝနဲ့ ပညာသင်ယူပြီးဆုံးတဲ့နောက်မှာတော့ ချေဟာ ကျူးဘားကို ထွက်ခွာလာခဲ့ပါပြီး သူနဲ့ ယုံကြည်ချက်ချင်း တူတဲ့ ကွန်မြူနစ်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ စစ်တပ်ခေါင်းဆောင်၊ တော်လှန်ရေးနဲ့ စစ်ပြီးခေတ် ကျူးဘားနိုင်ငံရေးအကြီးအကဲတစ်ယောက်အနေနဲ့ သူ့ရဲ့ စွန့်စားခန်းတွေဟာ ကျူးဘားယဉ်ကျေးမှုနဲ့အတူ ယှဉ်တွဲပေါ်ထွက်လာခဲ့ပါတယ်။

သူရဲ့ စွမ်းဆောင်ချက်တွေအတွက် ကျူးဘားနိုင်ငံသားအဖြစ်ကို ပေးအပ်ခဲ့သော်လည်း ချေကိုယ်တိုင်က တောင်အမေရိကတဝှမ်းမှာ ဆိုရှယ်လစ်တန်ဖိုးနဲ့ နိုင်ငံရေးစနစ်တွေ၊ ယဉ်ကျေးမှုတွေ ပျံ့နှံ့တာကို ပိုပြီး တန်ဖိုးထားခဲ့ပါတယ်။ အာဂျင်တီးနားဟာလည်း စံပြခေါင်းဆောင်တစ်ယောက် လုယူခံလိုက်ရတယ်လို့လည်း ခံစားရကောင်း ခံစားရမှာပါ။

၈။ ပညာရည်ပြည့်ဝတဲ့ ဆရာဝန်တစ်ယောက်

၈။ ပညာရည်ပြည့်ဝတဲ့ ဆရာဝန်တစ်ယောက် wikimedia

တော်လှန်ရေးကနေ ဘာမှမျှော်မှန်းမထားတဲ့ ချေဂွေဗားရားဟာ ဥာဏ်ရည်ထက်မြက် ပညာတတ်တစ်ယောက်ပါ။ သို့သော်လည်း အဲဒါကပဲ လူအများကို ချေဟာ ပညာရည်ပြည့်ဝတဲ့ ဆရာဝန်တစ်ယောက်အဖြစ် အံ့အားသင့်စေခဲ့ပါတယ်။

ဗျူနိုအေးရိစ်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့တဲ့ ချေဟာ ဆေးပညာကို လေ့လာခဲ့ပြီး ၁၉၅၄ ခုနှစ်မှာ မက်ဆီကိုစီးတီးကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ ချေဟာ အထွေထွေဆေးရုံ အရေပြားဋ္ဌာနမှာ အလုပ်လုပ်ရင်း မက်ဆီကိုက National Autonomous University မှာ ဆေးပညာသင်တန်းတွေ ပို့ချပေးခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ လက်ပွန်းတတီးနေထိုင်လာရတဲ့ သူဟာ အခြားလူတွေကို ဆင်းရဲတွင်းက လွတ်အောင် ကူညီပေးမယ်ရယ်လို့ ဆုံးဖြတ်ချက်ချပြီး စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်ခဲ့ပါတယ်။

ချေရဲ့ ပထမအိမ်ထောင် ဟီလ်ဒါ က သူ့ရဲ့ဆေးဘက်က အလုပ်အကိုင်တွေနဲ့ ပတ်သတ်ပြီး နှစ်မြုပ်လုပ်ကိုင်နေတာ ကြည့်ရင်း သူဟာ လူတန်းစားတိုက်ပွဲနဲ့ အမေ့လျော့ခံတွေအတွက် ကိုယ်စားပြုသူလို့ မှတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် ဆိုရှယ်လစ်ဇင်နဲ့ သာတူညီမျှရေးအတွက် ချေရဲ့စိတ်အားထက်သန်မှုဟာ သူ့ဘဝရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဆင်းရဲမွဲတေမှု၊ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အရင်းရှင်စနစ်ကို ဖျက်ဆီးလို့ရသမျှ အကုန်လုံးကို သူဟာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါတွေဟာ ကုသဖို့ လိုနေတဲ့အရာတွေလို့ သူ့စိတ်မှာ ခံစားနေခဲ့ရပါတယ်။

၇။ ဆင်းရဲမွဲတေမှု၊ အတွေးအခေါ်နဲ့ စစ်တုရင်ကစားခြင်းအတွက် တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ရှိသူ

၇။ ဆင်းရဲမွဲတေမှု၊ အတွေးအခေါ်နဲ့ စစ်တုရင်ကစားခြင်းအတွက် တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ရှိသူ AP

ပြောက်ကျားစစ်မှာ အလွန်ပြောင်မြောက်ထက်မြက်လှတဲ့ သူ့ကို စာရေးဆရာ၊ မှတ်တမ်းရေးသူ၊ ကဗျာဆရာ၊ သင်္ချာသမား၊ အတွေးအခေါ်သမားအဖြစ် ကျော်ကြားလှပါတယ်။ ချီဂွေဗားရားမှာ အလွန်အာရုံခံစား ဥာဏ်ကွန့်မြူးနိုင်မှုတွေလည်း ရှိပါတယ်။

ကျောင်းစနေစဉ်အရွယ်ကတည်းက ချေဟာ အဆင့်မြင့်မြင့်ရယူနိုင်သူပါ။ ဥာဏ်ထက်မြက်တာနဲ့ပတ်သတ်ပြီးကတော့ ၁၂ နှစ်အရွယ်တုန်းကတည်းက ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့သူဟာ စစ်တုရင်သမားတစ်ယောက်အနေနဲ့ရော သင်္ချာသမားတစ်ယောက်အဖြစ်နဲ့ပါ တော်တဲ့သူပါ။ စစ်ပွဲအကြောင်း၊ အတွေးအခေါ်အကြောင်း၊ ခရီးသွားမှတ်တမ်းတွေ ရေးနေခဲ့သော်လည်း  ချေဟာ ဆယ်ကျော်သက်အရွယ်တစ်လျှောက် အနောက်တိုင်း ဂန္တဝင်တွေဖြစ်တဲ့ John Keats၊ Walter Whitman နဲ့ အခြား လက်တင်အမေရိကန်စာရေးဆရာတွေဖြစ်တဲ့ Cesar Vallerjo နဲ့ Jorge Icazo တို့ရဲ့ စာကဗျာတွေကို ဖတ်ရှု ခံစားပြီး ခံစားမှုအားကောင်းတဲ့ ကဗျာတွေရေးနိုင်ခဲ့ပါတယ်။ ချေ ငယ်စဉ်ဘဝတစ်လျှောက်လုံး သူ့အိမ်မှာ စာအုပ်မျိုးစုံ ၃၀၀၀ ကျော်လောက်ကို အငမ်းမရလေ့လာဖတ်ရှုခဲ့ရာကနေ စာကြမ်းပိုးတစ်ယောက်ဖြစ်ခဲ့လို့သာ ဒါမျိုးတွေ ရေးနိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း ချေဟာ ကျူးဘားတော်လှန်ရေရဲ့ နောက်ပိုင်းစွန့်စားရမှုတွေထဲ စိတ်ပညာ၊ အတွေးအခေါ်တွေ၊ သင်္ချာပညာတွေနဲ့ ပတ်သတ်ပြီး ပြောစမှတ်တွင်စရာဖြစ်ခဲ့ပါတယ်။ ပြောက်ကျားစစ်မှာ သူလက်ကိုင်ပြုတာကတော့ စီးပွားရေးကဏ္ဍမြှင့်တင်ဖို့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ ပြောင်းလဲထည့်သွင်းဖို့အတွက် စစ်တိုက်ရင်း သင်ယူနေတဲ့ ချေလို လူတစ်ယောက်ဟာ ကားလ်မက် လို ဆရာကြီးတွေဆီကနေ နိုင်ငံရေးနဲ့ စိတ်ပညာဆိုင်ရာ သီအိုရီတွေကို ချွင်းချက်မရှိ ဆွဲယူလက်ခံခဲ့ပါတယ်။ အလွန်ခေတ်မီစမတ်ကျတဲ့ သူ့ရဲ့ အတွေးအခေါ်တွေကို CIA က အလွန်စိတ်ဝင်တစားရှိလာပြီး သူ့ကိုလည်း Latino လက်တီနိုတွေအတွက် တကယ့်ကို စာဖတ်ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသူလို့ မှတ်ချက်ချခဲ့ပါတယ်။

၆။ အာဂျင်တီးနားကနေ အမေရိကတခွင် ဆိုင်ကယ်ခရီးနှင်ခဲ့သူ

၆။	အာဂျင်တီးနားကနေ အမေရိကတခွင် ဆိုင်ကယ်ခရီးနှင်ခဲ့သူ Buena Vista International

ချေမှာ ၁၉၅၀ အစောပိုင်းနှစ်တွေက တောင်အမေရိကကို ဖြတ်ပြီး ပြောစမှတ်တွင်စရာ ခရီးနှစ်ခု ရှိခဲ့ပါတယ်။ ပထမခရီးက စက်ဘီးနောက်မှာ အင်ဂျင်တပ်ပြီး သူ့ဇာတိအာဂျင်တီးနားရဲ့ ကျေးလက်ဒေသတွေကို ဖြတ်သန်းခဲ့တဲ့ခရီးရယ်၊ နောက်တစ်ခုက သူ့သူငယ်ချင်း Alberto Granda နဲ့အတူ အာဂျင်တီးနားနဲ့ချီလီကနေ အလွန်တရာဝေးတဲ့ မီယာမီ၊ ဖလော်ရီဒါဆီ ကုန်ကျစရိတ်ပိုများတဲ့ မော်တော်ဆိုင်ကယ်ခရီးကြမ်းနှင်ခဲ့တာဖြစ်ပါတယ်။

ချေရဲ့ ကွန်မြူနစ်စံတန်ဖိုးတွေဟာ ဒီခရီးတွေကနေ အစပြုခဲ့တယ်လို့ ဆိုရပါမယ်။ သူ့မှတ်တမ်းတွေမှာ ဆိုရှယ်လစ်စနစ်ရဲ့အောက်မှာ အလုပ်သမားတွေ၊ အသိုက်အဝန်းတွေကို ရက်ရက်စက်စက် အဆက်မပြတ် ဖိနှိပ်ထားပုံတွေကို အသေးစိတ်ရင်းနှီးလာခဲ့တယ်။ ချမ်းသာကြွယ်ဝမှုတွေ၊ မြေပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ် သွေးစုပ်ပုံတွေ၊ မိုင်းလုပ်သားတွေရဲ့ အခြေအနေတွေနဲ့  ကျေးလက်ဒေသတွေမှာ လူ့အဆင့်အတန်းနိမ့်ကျမှုတွေနဲ့ ရောဂါဘယထူပြောမှုတွေကို မနှစ်မြို့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒါတွေကို သူရဲ့ Motorcycle Diaries ထဲမှာ အဓိကထားရေးသားခဲ့ပါတယ်။ ဒါပေမယ့် လူ့ဘဝရဲ့ လုပ်ဆောင်နိုင်စွမ်းဆိုတာ ကွန်မြူနတီအတွင်း အစုအဖွဲ့လေးတွေ အတူတကွ စုပေါင်းနေထိုင်ကြရမယ်ဆိုတဲ့ အတွေးအမြင်ဟာ ချေရဲ့ နောက်ပိုင်း ကွန်မြူနစ်စနစ်အကောင်အထည်ဖော်ခဲ့မှုတွေမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ခဲ့ပါတယ်။

ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု၊ ရောဂါဘယ၊ ငွေကြေးချို့တဲ့မှု၊  ဘဝရဲ့ မလိုအပ်ဘဲ ဆုံးရှုံးနေရတာတွေနဲ့ တောင်အမေရိကကို ဖြတ်သန်းခဲ့တဲ့ ချေရဲ့ ခရီးရှည်အပေါ် သက်ရောက်မှုတွေဟာ သူ့ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ အဲဒီအရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှုခံနေရတဲ့ လူတွေကို ကူညီချင်တဲ့ သူ့ဆုံးဖြတ်ချက်တွေ ခိုင်မာလာခြင်းရဲ့ အစလည်းပဲ ဖြစ်ခဲ့ပါတယ်။ သူ့ဒိုင်ယာရီထဲမှာ ချေဟာ ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်နေတဲ့ စနစ်ကြီးကို ဖြုတ်ချဖို့ လိုအပ်တဲ့ လက်နက်ကိုင်လမ်းစဉ်ရဲ့ ဖြစ်နိုင်ချေတွေကိုလည်း ရေးသားထားခဲ့ပါတယ်။



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations