ဝက်လိုအနံ့ခံကောင်းတဲ့ ဆိုင်ကယ်သမားဆရာဝန်ဟာ စောက်ရမ်းကောင်းတဲ့ ဓာတ်ပုံတစ်ပုံတော့ရိုက်နိုင်ခဲ့သား။

၅။ ကွန်ဂိုနဲ့ ဘိုလီးဗီးယားမှာ တော်လှန်ရေးအတွက် လှုံ့ဆော်နိုင်ရန် ကြိုးပမ်းသူ (တနည်း) ကျရှူံ့းခဲ့သူ

၅။ ကွန်ဂိုနဲ့ ဘိုလီးဗီးယားမှာ တော်လှန်ရေးအတွက် လှုံ့ဆော်နိုင်ရန် ကြိုးပမ်းသူ (တနည်း) ကျရှူံ့းခဲ့သူ wikimedi

ချေဂွေဗားရားဆိုတာ တော်လှန်ရေးနဲ့ ခွဲခြားမရသူပါ။ ကျူးဘားမှာကြီးပြင်းတဲ့ ခေတ်သစ်သမိုင်းပညာရှင်တွေရဲ့စိတ်ထဲမှာ ချေဟာ ကမ္ဘာတလွှားက တော်လှန်ရေးခရီးကြမ်းတွေမှာ ပါဝင်ခဲ့သူအဖြစ် အရေးအပါဆုံးလို့ ယူဆကြပါတယ်။

ဂွာတီမာလာ အာဏာသိမ်းမှုနောက် ဖီဒယ်ကတ်စထရိုနဲ့ ပူးပေါင်းခဲ့တဲ့ ချေဟာ ပထမတော့ တော်လှန်ရေးသူပုန်အဖြစ်ကနေ ကတ်စထရိုရဲ့ ညာလက်ရုံးဖြစ်လာခဲ့ပါတယ်။ ကျူးဘားက စစ်မှုထမ်းဘဝမှာ ပြောက်ကျားစစ်နည်းဗျူဟာတွေ အသုံးပြုပြီး  တမူထူးတဲ့ တပ်ပုံစံဖြစ်လာခဲ့ပါတယ်။ ချေရဲ့ စိတ်ဓာတ်ပြင်းပြမှုတွေဟာ သူ့တပ်ဖွဲ့ကို ကွပ်ကွဲရာမှာ အဓိက အချက်အချာကျခဲ့ပြီး ကျူးဘားတော်လှန်ရေးအောင်မြင်ရခြင်းရဲ့ အကြောင်းတစ်ရပ်ပါပဲ လို့ ကတ်စထရိုက မှတ်ချက်ချခဲ့ပါတယ်။

သို့သော်လည်း ချေရဲ့ ရက်ရက်စက်စက် အမိန့်ပေးခိုင်းစေမှုတွေနဲ့ အရေးမပါတဲ့ စည်းကမ်းတွေပြုလုပ်ခဲ့မှုတွေလည်း အများကြီးရှိခဲ့ပါတယ်။ သစ္စာဖောက်တွေကို ကွက်မျက်ပုံတွေကို လူတချို့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဦးနှောက်ရဲ့ ညာဘက်အခြမ်းတခုလုံးကို ပစ္စတိုနဲ့ ၃၂ချက် ပစ်သတ်ခံရတဲ့ Eutimio Guerra ဟာ နာမည်ကျော်လှပါတယ်။

နှစ်အနည်းငယ်အကြာ Batista စီရင်စုနယ်မြေကို လက်လွှတ်ဆုံးရှူံးရပြီးနောက် ချေဟာ ကတ်စထရိုကို သစ္စာရှိနေဆဲလို့ မှတ်ချက်ပေးခဲ့ပြီး နေရာအနှံ့မှာ တိုက်ပွဲတွေ ဆင်နွှဲနေဆဲပါ။ အဲဒါဟာ ကွန်ဂိုနဲ့ ဘိုလီးဗီးယားက တော်လှန်ရေးစွန့်စားခန်းတွေ ကျရှုံးလာခဲ့တာတွေပါ။ ချေရဲ့စိတ်မှာ မယုံနိုင်ဖြစ်နေစဉ် ပြည်တွင်းသူပုန်တွေက သူရဲ့အခြေမလှတဲ့ အဖြစ်တွေကို တော်လှန်ရေးအဖြစ် သရုပ်ဆောင်နေတာတွေကနေ ညှိနှိုင်းဖို့မှတ်ချက်ပေးခဲ့ကြတယ်။ ချေကတော့ နေရာအနှံ့က တော်လှန်ရေးရဲ့သဘောကို ပိုမိုတွက်ချက်လိုက်တာဟာ ဘိုလီးဗီးယားက သူ့ရဲ့အခန်းကဏ္ဍမှာ သူ့ကို ထောက်ခံမှုတွေလျော့ကျကုန်စေပါတယ်။ အဲဒီအကြောင်းကို သူဟာ လူတစ်ယောက်သာ ဖြစ်တဲ့အတွက် အသတ်ခံရနိုင်ပါတယ်။ တဦးတယောက်တည်းနဲ့ အဆုံးမဲ့ တော်လှန်ရေးကြီး ကို ထာဝရဆင်နွှဲနေနိုင်မှာမဟုတ်ဘူးလို့ သူသေဆုံးတဲ့အခါ ရေးမှတ်ထားခဲ့ပါတယ်။

ချေဟာ ၁၉၆၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့၊ အသက် ၃၉ နှစ်အရွယ်မှာ ဘိုလီးဗီးယားအထူးတပ်ဖွဲ့က တပ်ကြပ်ကြီး Teran တီရန်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

၎။ ဝက် လို့ အဓိပ္ပါယ်ရတဲ့ နာမည်ပြောင် - El Chancho

၎။	ဝက် လို့ အဓိပ္ပါယ်ရတဲ့ နာမည်ပြောင် - El Chancho reddit.com

တော်လှန်ရေးအားလုံးမှာ ပါဝင်ဆင်နွှဲနေရခြင်းနဲ့အတူ ချေဟာ ပုံမှန်တကိုယ်ရေသန့်ရှင်းမှုတွေ လုပ်ဖို့ အချိန်သိပ်မရှိဘူး ဆိုရမယ်။

ကလေးဘဝကတည်းက ချေဟာ ပန်းနာရောဂါသည်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ ရေချိုးပျင်းတဲ့ သူတစ်ယောက်ဖြစ်ပြီး ရေချိုးရင် သူဟာ အမြဲတမ်း အအေးမိပြီး ဆိုးဆိုးဝါးဝါးအသက်ရှုကျပ်တတ်တယ်လို့ ဆိုပါတယ်။ ရလဒ်အနေနဲတော့ ချေရဲ့ အဝတ်အစားတွေဟာ ချေးညှော်အထပ်ထပ်နဲ့ အင်္ကျီ Jon Lee Anderson အခေါ်နဲ့ ပြောရရင် weekly shirts တွေ ဖြစ်လာပါတော့တယ်။

အဲဒီအမူအကျင့်ကပဲ သူ့အတွက် ဝက်လို့ အဓိပ္ပါယ်ရတဲ့ နာမည်ပြောင် El Chancho လို့ တွင်လာပါတော့တယ်။ သူ့နှာခေါင်းကလည်း သိပ်မလှဘူးကိုး။

ဒီလိုနဲ့ပဲ သူ့ဘဝတလျှောက်မှာ ချေဟာ El Chancho လို့ အမည်တွင်ခဲ့ပါတယ်။ ချေဂွေဗားရားနဲ့အတူ မွေးရာပါ ခံစားချက်တစ်ခုခုများရှိခဲ့ရင် ဒါဟာ ဆင်းရဲမှုကို မျှဝေခံစားနိုင်တာ၊ မွဲတေမှုရဲ့ အနှိပ်အစက်ခံရတာ နဲ့ အရင်းရှင်စနစ်ရဲ့ ခေါင်းပုံဖြတ်တာတွေကနေ လူအများကို လွတ်မြောက်စေချင်တဲ့ တသမတ်တည်းသော စိတ်ထားတွေပဲ ဖြစ်မှာပါ။ အဲဒါတွေအပြင် လူအများကို ညှင်းပန်းနှိပ်စက်တဲ့၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ ချေရဲ့ ဂုဏ်သတင်းဟာ သူ့ရဲ့ သန့်စင်ဖြောင့်မတ်မှုကို တမင်သက်သက် အမြင်လွဲမှားအောင် ပြောဆိုကြတာတွေပဲ ဖြစ်ပါတယ်။

၃။ ပြည်သူ့တရားစီရင်ခွင့်ကို ထောက်ခံသူ

၃။ ပြည်သူ့တရားစီရင်ခွင့်ကို ထောက်ခံသူ wikimedia

ချေဟာ လူတွေအတွက် တရားမျှတရေးကိစ္စတွေနဲ့ ဆိုရှယ်လစ်လွတ်မြောက်ရေးမှာ ပြည်သူ့တရားစီရင်ခွင့်ကို လိုလိုလားလား ထောက်ခံခဲ့သူဖြစ်ပါတယ်။ ချေရဲ့ မှတ်တမ်းနဲ့ မှတ်စုတွေရဲ့ သိပ္ပံနည်းကျ အနုစိတ်ရေးသားချက်တွေနဲ့ လေသံ၊ သစ္စာဖောက်တွေရဲ့ အသေးစိတ်အချက်အလက်တွေ၊ သူလျှိုတွေ၊ တပ်ပြေးတွေနဲ့ ထောင်ချထားတဲ့ သူတွေနဲ့ မသင်္ကာတဲ့လူတွေလို ရန်သူတွေကို အတ္ထုပ္ပတ္တိရေးသားသူ Jon Lee Anderson က အသေးစိတ် မှတ်တမ်းတင်ခဲ့ပါတယ်။ ချေဟာ သူကွပ်မျက်ခဲ့သူတွေကို ခေါင်းအေးအေးနဲ့ ရေးသားဖော်ထုတ်ခဲ့တယ်လို့ အန်ဒါဆင်က ညွှန်ပြပြောဆိုခဲ့ပါတယ်။

ဆေးပညာလေ့လာသင်ယူနေတဲ့ လူတစ်ယောက် တိုင်းပြည်အကြမ်းဖက်မှုဆီ ဘယ်လို ဆင်းသက်လာသလဲဆိုတာ အတ္ထုပ္ပတ္တိရေးဆရာနဲ့ သမိုင်းဆရာတွေ ငြင်းခုန်ဆွေးနွေးတတ်ကြပါတယ်။ ဂွာတီမာလာက သူ့ရဲ့ မြေလှန်ပြုပြင်ပြောင်းလဲရေး မှတ်တမ်းအမြောက်အများမှာ CIA ရဲ့ အကူအညီနဲ့ အာဏာသိမ်းခဲ့တာလို့ ဆိုပါတယ်။ ချေ့ဘဝရဲ့ အချက်အချာကျတဲ့အခိုက်အတန့်ဟာ ကတ်စထရို ကျူးဘားကို ပထမဆုံးတိုက်ခိုက်စဉ်အတွင်း ဘာတစ္စတာတပ်ဖွဲ့နဲ့အတူ တိုက်ပွဲအလယ်လောက်မှ သူ့ရဲ့ဆေးကုသနေတာတွေကို ပစ်ထားခဲ့ပြီး လက်နက်ဆွဲကိုင်တော်လှန်ခဲ့တာလို့ ချေက ဖော်ပြခဲ့ပါတယ်။ ချေရဲ့ အမြင်မှာတော့ တော်လှန်ရေးဟာ လိုအပ်စွာဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုမျိုးလို့ ယူဆပါတယ်။ နောက်ပိုင်းမှာ အဏုမြူစစ်ပွဲကို ဆိုရှယ်လစ်လွတ်မြောက်ရေးအဖြစ် အသုံးချဖို့ ဆန္ဒရှိခဲ့တယ်လို့ ကျူးဘားဒုံးကျည်အရေးအခင်းကို အကြောင်းပြပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အရေးအခင်းအတွင်း ဒုံးကျည်တွေဟာ ကျူးဘားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ကတ်စထရိုအစိုးရက ဆိုဗီယက်ရုရှားထက် အဲဒါတွေကို အသုံးပြုဖို့ ပိုပြီး ဆန္ဒရှိခဲ့ပါတယ်။

၂။ ချီဂွေဗားရားရဲ့ ဂန္တဝင်မြောက် ဓာတ်ပုံကနေ ဘာအဖိုးအခမှမရခဲ့တဲ့ ဓာတ်ပုံဆရာ

၂။ ချီဂွေဗားရားရဲ့ ဂန္တဝင်မြောက် ဓာတ်ပုံကနေ ဘာအဖိုးအခမှမရခဲ့တဲ့ ဓာတ်ပုံဆရာ tumblr

‘Guerrillero Heroico‘  ပြောက်ကျားစစ်သူရဲကောင်း။ ဒီနာမည်က ၁၉၆၀ မတ်လ ၅ ရက်နေ့၊ ကျူးဘား၊ ဟာဗားနားက La Coubre ပေါက်ကွဲမှုခံစားရသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားမှာ ဓာတ်ပုံဆရာ Alberto Korda ရိုက်ကူးခဲ့တဲ့ ချေရဲ့ စံတင်လောက်တဲ့ ဓာတ်ပုံကို ပေးတဲ့နာမည်ပါ။ ကော်ဒါဟာ နာကျင်မှု၊ ဒေါသ၊ တိုက်ရဲခိုက်ရဲစိတ်ဓာတ်နဲ့  သူ့မျက်နှာမှာ အထင်းသားပေါ်နေတဲ့ မကျေမချမ်းဖြစ်နေရမှုတွေပေါ်လွင်နေပြီး သဘာဝအတိုင်းမဟုတ်တဲ့ ချေရဲ့ ပုံရိပ်ကို မရမကရိုက်ယူခဲ့ပါတယ်။

ချေရဲ့ အဲဒီပုံရိပ်ဟာ ပေါ်ပြူလာယဉ်ကျေးမှုနဲ့ အလံတွေလို၊ တံဆိပ်တွေလို၊ ထင်ပေါ်တဲ့ပုံစံ အဝတ်အစားတွေလို ကုန်သွယ်ကြော်ငြာလုပ်ငန်းတွေရဲ့ အမျိုးမျိုးသော ပုံစံတွေမှာ ပြောင်းလဲအသုံးနေကြသော်လည်းပဲ ကော်ဒါဟာ ဘာအကျိုးခံစားမှုမှ မရခဲ့ပါဘူး။ ဒါမှမဟုတ် အဲဒီအတွက် သူဟာ ဘာတောင်းဆိုမှုမှ မလုပ်ခဲ့ပါဘူး။ တစ်ခုပဲရှိတာက ဗော့ဒကာမှာ နာမည်ကျော် Smirnoff က ချေရဲ့ ပုံရိပ်ကို ကြော်ငြာမှာ အသုံးပြုတုန်းက ကော်ဒါက အခိုင်အမာပြောဆိုခဲ့လို့ သူ့ရဲ့ရပိုင်ခွင့်ရခဲ့တာပဲ ရှိပါတယ်။ ကော်ဒါဟာ မူပိုင်ခွင့် ချိုးဖောက်မှုအတွက် Smirnoff ကို အောင်မြင်စွာ တရားစွဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပုံရိပ်နေ ငွေရေးကြေးရေးအကျိုးအမြတ်တွေကို မလိုချင်တဲ့ ကော်ဒါဟာ ချေ အမှတ်တရအနေနဲ့ ကျူးဘားကျန်းမာရေးစောင့်ရှောက်မှုဋ္ဌာနကို လှူဒါန်းပစ်လိုက်ပါတယ်။ ချေရဲ့အမွေအနှစ်နဲ့ စံတန်ဖိုးတွေကို အလေးထားဂုဏ်ပြုတာကြောင့်သာ တရားစွဲရခြင်းဖြစ်ပြီး Smirnoff အဖွဲ့အစည်းရဲ့ ချေကိုယ်တိုင်ကလည်း ဘယ်လိုလုပ် နှစ်ခြိုက်နိုင်မလဲ ဆိုတာကိုလည်း ကော်ဒါက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

ဒီနေ့ပုံစံတွေကို ကြည့်ပြီး စားသုံးသူဝါဒကို ဆန့်ကျင်သူတစ်ယောက်၊ အရင်းရှင်စနစ်ကို ဆန့်ကျင်သူတစ်ယောက်ရဲ့ စံတန်ဖိုးတွေဟာ ကမ္ဘာတလွှားက ပြောင်းလွယ်ပြင်လွယ်တဲ့ အဖွဲ့အစည်းတွေ၊ မကျက်တကျက် ဆိုရှယ်လစ်စံတန်ဖိုးတွေနဲ့အတူ လက်လီစားသုံးသူတွေအတွက် သူ့ရဲ့ ပုံရိပ်ကို ပုံစံမျိုးစုံနဲ့ အမြောက်အများထုတ်လုပ်ရောင်းချနေကြတာကို ချေသာ မြင်တွေ့ရရင် ဘယ်လိုတုံ့ပြန်မလဲ။ ချေကတော့ ခွင့်ပြုလိမ့်မယ် မဟုတ်ဘူး။

၁။ ကွယ်လွန်ပြီးနောက် သူတော်စင်တစ်ဦးအဖြစ် ချီးမြှောက်ခံရသူ

၁။	ကွယ်လွန်ပြီးနောက် သူတော်စင်တစ်ဦးအဖြစ် ချီးမြှောက်ခံရသူ wikimedia

ချေရဲ့အမွေအနှစ်ဆိုတာဟာ အရူးလွယ်အိတ်လို ယူရင်လည်း ရနိုင်ပါတယ်။ တစ်ဘက်မှာ သူဟာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူ၊  အမြင့်ဆုံးကွန်မြူနစ်နဲ့ ဆိုရှယ်လစ်စံတန်ဖိုးတွေနဲ့ လူတစ်ယောက်၊ စွန့်စားရမှု၊ ဆင်းရဲမွဲတေမှုနဲ့ ရောဂါဘယတွေကို စာနာနားလည်နိုင်ဖို့ ပုံစံလောင်းထားတဲ့ နိုင်ငံရေးအတွေးအခေါ်သမား။  အခြားတစ်ဘက်က ပြန်စဉ်းစားရင် သူဟာ အကြမ်းဖက်တော်လှန်ရေးကို အဆုံးစွန်အလေးထားသူ၊ ပြည်သူ့တရားစီရင်ခွင့်ရှိရေး၊ တဝက်တပျက် ဗျိုရိုကရက်ပညာရည် မပြည့်ဝတဲ့ပုံစံနဲ့  လူတစ်ယောက်ရဲ့ ပုံရိပ်ဟာ အထင်အမြင်လွဲမှားနားလည်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ချေဟာ တောင်အမေရိကနဲ့ ကျူးဘားမှာ လေးစားကြည်ညိုစရာပုံရိပ်အဖြစ်ရှိနေဆဲပါ။ သူ့ရဲ့အအောင်မြင်ဆုံး နိုင်ငံရေးအမွေကတော့ တော်လှန်ရေးခရီးကြမ်းကို နှင်ခဲ့ရုံသာမက သူ့ရဲ့ ကွန်မြူနစ်သဘောတရားတွေဟာ အမျိုးသားရေးပေါ်လစီတွေကို ဖြစ်ပေါ်လာစေပါတယ်။ တိုင်းပြည်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေဟာ ကျူးဘာတစ်ခွင် လူမှုအဆင့်အတန်း ချွင်းချက်မရှိ တိုးတက်လာခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဟာ နေရာအနှံ့မှာ တပြေးညီရရှိနိုင်ပြီဖြစ်ပြီး ပညာရေးမှာလည်း အထူးအခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေအတွက် နှစ်မျိုးနှစ်စားမဟုတ်တော့ပါဘူး။ တကယ်ပါပဲ ချေရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေဟာ ကျောင်းသားလေးတွေ ကျူးဘားအလံတော်ရှေ့မှာ တန်းစီလို့ Pioneers for communism ကို သံပြိုင်သီဆိုနေကြပြီး ဒီနေ့ထိ ချီးကျူးနေကြဆဲပါ။ ကျွန်တော်တို့လည်း ချေကို နှစ်သက်ကောင်း နှစ်သက်ကြမှာပါ။ အခုချိန်မှာ ကျူးဘားဟာ အရွယ်ရောက်သူ စာတတ်မြောက်နှုန်း ၉၉.၈ ရာခိုင်နှုန်းရှိပြီး ကလေးငယ်အားလုံး ရာနှုန်းပြည့် စာဖတ်တတ်တ်လို့ ကမ္ဘာမှာ ဂုဏ်ယူနိုင်နေပါပြီ။

သူ့ရဲ့ ချစ်ခင်ကြင်နာစိတ်နဲ့ ကျေးလက်အသိုက်အမြုံလေးတွေအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့မှုဟာ အကြီးအကျယ်အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ချေဟာ ကျေးလက်ဒေသက အမေ့လျော့ခံတွေရဲ့အကျိုးစီးပွားကို ကိုယ်စားပြုဖို့ သူ့မှာတာဝန်ရှိတယ်လို့ ခံစားခဲ့ရပြီး သူတို့ဆီကို လူ့အဖွဲ့အစည်းရဲ့ အကျိုးအမြတ်တွေ ဖြန့်ဖြူးပေးခဲ့ပါတယ်။ အဲလိုပဲ သူ့ကို  တောင်အမေရိက ကျေးလက်ဒေသမှာ ခရစ်တော် သယ်ဆောင်လာတဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယူမှတ်ကြပြီး ချေဟာ သန့်စင်တဲ့ သူတော်စင်ပုံရိပ်အဖြစ်ရှိနေဆဲပါ။ ရှိခိုးသူတွေနဲ့ ဆုတောင်းသူတွေဟာ သူ့အကြောင်း မျှော်လင့်အောက်မေ့စရာတွေကို ထုတ်ဖော်ကြပြီး ဘုရားသခင်နဲ့ ဆက်သွယ်ပေးတဲ့ သူအဖြစ်ပါ ဖွင့်ဟပြောဆိုကြပါတယ်။


Ref : whatculture.com/Martin Mallon



Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations