အင်္ဂလန်နိုင်ငံမှာ အသက် ၈၀ ခန့် ရှိတဲ့ အဖိုးကြီးတစ်ယောက်ကို heroin တွေနှင့်ဖမ်းမိခဲ့ပါတယ်...


အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ရဲတွေက ဘိန်းဖြူတွေကိုတောင်ဝှေးထဲ ထည့် ပြီး သုံးစွဲနေတဲ့ အသက် ၈၀ ကျော် အဖိုးကြီး Francis Cook  ကို ဘိန်းဖြူတွေနှင့်အတူဖမ်းဆီးရမိခဲ့တာပါ။အဲ့ဒီအဖိုးကြီးကားရပ်ထားတဲ့ အချိန်မှာ ရုတ်တရက် ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဖိုးကြီး ရဲ. တောင်ဝှေးထဲမှာ ဘိန်းဖြူတွေကို တွေ့ ရှိခဲ့ရပြီး  အဖိုးကြီးကိုလည်းဖမ်းဆီးခဲ့ ပါတယ်။ယခုတွေ့ရှိချက်နဲ့ ပတ်သက်ပြီး   Cook ကို  ဘိန်းဖြူဖြန့်ဖြူးနေသူဟု ယူဆနေကြပါတယ်။


ရဲတွေကတော့ ဘိန်းဖြူသယ်ယူတဲ့ လမ်းကြောင်းတွေကို ဆက်တိုက်ဆိုသလို Plymouth မှာ ရှာဖွေ နေကြပါတယ်။ ဒီကိစ္စက အလွန်ကို ထင်ရှားတဲ့ အကြောင်းအရင်းဖြစ်ပြီး အင်္ဂလန်မှာ အသက်အရှည်ဆုံး ဘိန်းဖြူသုံးစွဲသူလို့လည်း ပြောနေကြပါတယ်။ Francis Cook ဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း ပေါင် ၇၀၀၀၀ တန်ဖိုးရှိ ဆေးခြောက်ပင် ၁၈၂ ပင် စိုက်ပျိုးမှု အတွက် ထောင် ၂ နှစ်ခွဲခန့်  ကျခံခဲ့ ဖူးသူဖြစ်တယ်လို့ သိရှိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations