ဘာစီလိုနာတို့ နောက်တစ်ဆင့်တက်ဖို့ အခက်တွေ့ နေဟုဆို
ဘာစီလိုနာ အသင်းက PSG အသင်းကို ချန်ပီယံလိပ်သမိုင်းမှာ အရှက်ခွဲခဲ့တာကတော့ နှစ်တွေကြာခဲ့ပါပြီ။ ယခု ပွဲမှာ တော့ PSG အသင်းရဲ.  ဘောလုံးကျွမ်းကျင်မှုတွေနဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုတွေက ဘာစီလိုနာ အသင်းကို အရှက်ပြန်လည် ရသွားစေတာပါ။ အဲ့ဒီပွဲမှာ  ဒိုင်လူကြီးက ပွဲစလို့   ၃ မိနစ်အကြာ  PSG အသင်းမှ Adrien Rabiot ကို ကစားပုံကြမ်း တမ်းတယ်ဆိုပြီး အဝါကပ်ပြ သတိပေးခဲ့ပါတယ်။ဒါပေမဲ့ PSG အသင်းရဲ. ကစားသမား Di Maria ဟာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာ သွင်းယူ ပေးနိုင်ခဲ့တာပါ။
PSG ကွင်းလယ်ကစားသမား များဖြစ်တဲ့ Marco Verratti  နဲ့ Blaise Matuidi  အပါအဝင် Adrien Rabio တို့ ရဲ. တွဲလုံးတွေနဲ့ ဘောလုံးဖြတ်ထုတ်မှုတွေကတော့ အလွ န် ကို အားရကျေနပ်စရာဖြစ်ခဲ့ပါတယ်။ပွဲစဉ်တစ်ခုလုံးဆိုသလို PSG အသင်းရဲ. တောင်ပံကစားသမာားတွေ ဟာ လည်း အဆုံးသတ် သေချာ အောင်   လုပ်ဆောင်နိုင်စွမ်းရှိနေတာကိုတော့ အထူး ပြောစရာမလိုခဲ့ပါဘူး။ PSG အသင်းရဲ. ဒုတိယဂိုးကိုတော့ Julian Draxler ကပွဲချိန် မိနစ် ၄၀ မှာ ထပ်မံ သွင်းယူ ပေးခဲ့ပါတယ်။အဲ့ဒီနောက် ပထမပိုင်း ပြီးဆုံးချိန်အထိ PSG အသင်းက ၂-၀ ဖြင့် ဦးဆောင်ထားနိုင်ခဲ့တာပါ။
ဒီပွဲမှာ ဘာစီလိုနာ အသင်းရဲ. ကစားကွက်က တော့ အတော်လေးကို ဆိုးရွားခဲ့ပြီး အသင်းရဲ. တည်ငြိမ်တဲ့ ကစား ကွက် ပျောက်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း PSG ကစားသမားတွေရဲ.ဖြတ်ထုတ်မှု တွေဟာ ဥရောပအသင်းတွေရဲ နောက်ဆုံး ၄ ရာသီဆက်တိုက် ကွာတားဖိုင်နယ် ပြိုင်ပွဲတွေမှာ အကောင်းဆုံးလို့ ဆိုရင် မမှားနိုင်ပါဘူး။ဘာစီလိုနာ ဟာ ယခုလို ဂိုးပေး ခဲ့ရသည့်အတွက် ပွဲစဉ်ရဲ. ပြိုင်ဆိုင်မှု ကတော့ပိုလို့ မြင့်တက် လာခဲ့ပေမဲ့  ဒုတိယပိုင်းစလို့ မနစ် ၅၅ မိနစ်မှာ ပဲ PSG အသင်းရဲ. အဓိကကစားသမားဖြစ်တဲ့ Angel Di Maria က ထပ်မံပြီး တတိယဂိုးကို သွင်းယူသွားပြန်ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၇၂ မိနစ်မှာ PSG အသင်းရဲ. ကစားသမားEdinson Cavan  က နောက်ဆုံး ဂိုးကို သွင်းယူခဲ့လို့ ဘာစီလိုနာတို့ ၄ ဂိုးပေးခဲ့ရတာပဲဖြစ်ပါတယ်။
ယခုပွဲကို  ၄ -၀  ဖြင့်ရှုံး နိမ့်သွားခဲ့ရခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ချန်ပီယံလိပ်နောက်ဆုံး ၈ သင်း ၀င် ဖို့ အတွက် အတော်ကို ရုံး ကန်ရနိုင်ပြီး နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးလည်းမရှိသလောက် ဖြစ်နေပါပြီ။ ဒါပေမဲ့ သမိုင်းကြောင်းကောင်းခဲ့တဲ့ဘာစီလိုနာ အသင်းကို တော့ နောက်ပွဲမှာ  ဘယ်လိုကစားသွားမလဲဆိုတာကိုစောင့်ကြည့် ရမှာပဲဖြစ်ပါတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations