မော်ရင်ဟို အတွက် မန်ယူကိုကိုင်တွယ်ခဲ့စဉ် ပထမဆုံးရရှိခဲ့သည့် လိဂ်ဖလားဖြစ်...
အင်္ဂလန် လိပ်ဖလား ကို နည်းပြ မော်ရင်ဟို မန်ယူကိုင်တွ်တဲ့ ပထမဆုံးရာသီမှာ ပထမဆုံးရခဲ့တဲ့ ဖလားတစ်လုံးဆိုရင် လည်းမ မှားပါဘူး။ ယခုပွဲအပြီးမှာ   မောရင်ဟို အနေနဲ့ မန်ယူနည်းပြဘဝမှာ ဖိအားများစွာနဲ့ တွေ့ ရှိနေရကြောင်းကိုလည်းပြောကြားခဲ့ပါတယ်။
မနေ့ ညကပွဲမှာ နှစ်သင်းစလုံးကတော့ ကစားသမားတွေစုံလင် တယ်လို့ ဆိုရပါမယ်။ မန်ယူအသင်းအတွက် ပထမဆုံးဂိုးကို မိုဗစ်က ပွဲစလို့ ၁၉ မိနစ်အကြာမှာ သွင်းယူသွားပါတယ်။ အဲ့ဒီဂိုးကတော့ ပြစ်ဒဏ်ဘောကို ကန်သွင်းရာ ကနေ လှလှပပ ဂိုးရရှိခဲ့တာပဲဖြစ်ပါတယ်။ ပထမပိုင်းပွဲပြီး  ဖို့ ၈ မိနစ်ခန့် အလိုမှာ မန်ယူအသင်းက လင်ဂတ် ဒုတိယဂိုး ထပ်မံသွင်းယူသွားပြန်ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီး နာကျင်အချိန် ပေးထားတဲ့ အတောအတွင်း ဆောက်သမ်တန် တိုက်စက်မှူး ဂတ်ဘီဒီနီက  ချေပဂိုး တစ်ဂိုးသွင်းယူ ခဲ့လို့ မန်ယူတို့ ပထမပိုင်း အပြီး မှာ ၂ -၁ ဂိုး နဲ့ ပဲ ဦးဆောင်ထားနိုင်တာပါ။
ဒုတိယပိုင်းပွဲစပြီး မိနစ်အနည်းငယ်အတွင်းမှာ ပဲ ဆောက်သမ်တန်တို့ ဒုတိယချေပဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီဂိုးကိုတော့ ဆောက်သမ်တန် တိုက်စစ်မှူး ဂတ်ဘီယာ ဒီနီက သွင်းယူပေးခဲ့ပါတယ်။သို့ သော်လည်း ပွဲပြီး ဖို့ ၃ မိနစ်ခန့် အလို မှာ မန်ယူအသင်းရဲ. အဓိကတိုက်စစ်မှူး အီဘရာ ဟီမိုဗစ်က အနိုင်ဂိုးကို  သွင်းယူပေးခဲ့တာပါ။ အဲ့ဒီအနိုင်ဂိုးကြောင့် မန်ယူအသင်း ဒီရာသီအတွက် လိဂ်ဖလားကို ရရှိသွားတာလည်းဖြစ်ပါတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations