အသက်ရှင်နေသော်လည်း မြေမြုပ် ခံ ခဲ့ရသည့် အတွက် ဘယ်လိုခံစားခဲ့ရ....

Jessica Lunsford

Jessica Lunsford


Jessica Lunsford ကို အလျား ၂ ပေ ၊အနက် ၃ ပေခန့် ရှိတဲ့ ကျင်းထဲမှာ အကြမ်းဖက်သမားတွေက သားမယားပြု ကျင့်ပြီး   အရှင်လတ်လတ် မြေမြုပ်ခဲ့ပါတယ်။သူမကို၂၀၀၅ ခုနှစ်မှာ Homosassa မှာ ရှိတဲ့ သူမရဲ. နေအိမ်ကနေ ပြန်ပေးဆွဲခံခဲ့ရ ပြီး အသက်ရှင်လျက် မြေမြုပ်ခံခဲ့ရတာပါ။သူမကို အကြမ်းဖက်သမားက ကျင်းထဲမှာ ထည့်ပြီး  သစ်ရွက်တွေကို ဖုံးထားခဲ့တာပါ။

Neysi Perez

Neysi Perez

Neysi Perez


၂၀၁၅ ခု နှစ် မှာ Neysi Perez ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အသက်ရှင်လျက် မြေမြုပ် ခံခဲရပါတယ်။ သူမဟာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကို ခံ ရပြီး အရှင်လတ်လတ် မြေမြှုပ် ခံခဲ့ရတာဖြစ်ပါတယ်။

Angelo Hays

Angelo Hays

Angelo Hays


Angelo Hays ကို တော့ ၁၉၃၇ ခုနှစ် မှာ စက်ဘီးစီး နေစဉ် မတော်တဆကြောင့် ပြင်သစ်မှာ ရုတ်တရက် သေဆုံးခဲ့တာဖြစ်ပါတယ်။ သူ့ ကို လည်း ၂ ရက် နေမှ အမှန်တကယ် သေဆုံးမှု မရှိဘူးဆိုတာကို သိခဲ့ရပါတယ်။ ဆရာဝန်တွေက အလောင်းကို ဖော်ထုတ်ကြည့်တော့မှ အသက် အနည်းငယ်ရှူ နေတာကို တွေ့ ခဲ့ရတာပါ။  အဲ့ဒါကြောင့် ဆေးရုံကို ချက်ချင်း ခေါ်ဆောင်ခဲ့ရတာပါတဲ့။

Mrs. Boger

Mrs. Boger


Mrs. Boger ကို ၁၈၉၃ ခု နှစ်မှာ ရုတ်တရက် သေဆုံးသွားတာတွေ့ ရှိခဲ့ပါတယ်။ ဆရာဝန်တွေရဲ. ဆေးစစ်ချက်အရ သေဆုံးကြောင်းအတည်ပြု ခဲ့တဲ့ အတွက် မြုပ် နှံ ခဲ့ပါတယ်။ သူမရဲ. သူငယ်ချင်းတစ်ယောက်က Mrs. Boger ရဲ. အမျိုး သားကို ပြောခဲ့တာကတော့  "  ဟာ မသေခင်မှာ စိတ်ချောက်ခြား စရာမျိုး ဖြစ်ခဲ့တာကို တွေ့ ရတယ်လို့ ဆိုပါတယ်။တကယ်တော့ သူမဟာ အမှန်တကယ်မသေ ခဲ့ ပဲမြေ မြုပ် ခံခဲ့ရတာပါ။

Anna Hockwalt

Anna Hockwalt


ဇန်နဝါရီ လ ၁၀ ရက် ၁၈၈၄ ခု နှစ်မှာ Anna ကို သစ်တောထဲမှာ မြှုပ် နှံ လိုက်ပါတယ်။ သူမဟာ သူမအစ်ကို ရဲ. မင်္ဂလာပွဲမှာ လှေကားပေါ်ကပြု တ်ကျသေဆုံးခဲ့တာပါ။ ဒါပေမဲ့ သူမရဲ. အသံကို အဲ့ဒီအနီးမှာ ကြားနေရတာဖြစ်တဲ့အတွက် သူမဟာ အမှန်တကယ်မသေဆုံးသေးကြောင်းတွေ့ ရှိခဲ့ရပါတယ်။ အဲ့ဒါကြောင့် သူမကို ပြန်လည် ဖော်ယူလိုက်တဲ့ အချိန်မှာ သူမရဲ. ရုန်ကန်ပြီး လှုပ်ရှားထားတဲ့ အချက်တွေကို တွေ့ ရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations