Laptop ကွန်ပျူ တာတစ်လုံးနှင့် အတူ Desktop ကွန်ပျူ တာပစ္စည်းများ ကိုစိတ်ကြိုက်ဝယ်ယူမည်ဆိုပါက....
Know the Parts
Know the Parts
Know the Parts
ကွန်ပျူ တာမဝယ်ခင်မှာ ကွန်ပျူ တာရဲ. အစိတ်အပိုင်းအားလုံးကို သိထားသင့်ပါတယ်။ကွန်ပျူ တာဖြင့် အလုပ်မလုပ်ခင်မှာ အစိတ််အပိုင်းအားလုံးရဲ. လုပ်ငန်းကို အခြေခံနားလည်ထားသင့်ပါတယ်။အဲ့ဒီလိုနားလည်ထားခြင်းက မိမိအသုံးပြု မည့် လုပ်ငန်းအပေါ်မူတည်ပြီး မိမိကြို က်ရာ ပစ္စည်းတွေကို ဝယ်ယူနုုိင်မှာပါ။နံပါတ် ၁ ကတော့ ကွန်ပျူတာ မှန်ပြင်ဖြစ်ပြီး ကွန်ပျူ တာရဲ. လုပ်ဆောင်ချက်တွေဟာ မှန်ပြင်ကနေ ကြည့်နိုုင်မှာဖြစ်ပါတယ်။အဲ့ဒီ မှန်ပြင်မှာ လည်းများစွာသော တံဆိပ်တွေနှင့် လုပ်ငန်းစွမ်းဆောင်ရည်တွေကွာခြားမှု ရှိပါတယ်။နံပါတ် ၉ mouse  နှင့် နံပါတ် ၁၀ keyboard ကတော့ ကွန်ပျူ တာဝယ်လိုက်သည် နှင့် လိုအပ်တဲ့ ပစ္စည်း အသေးစားများဖြစ်ပါတယ်။
Motherboard
Motherboard
ကွန်ပျူ တာ လည်ပတ်လုပ်ဆောင်နို်င်ရန် လျှပ်စစ် ပတ်လမ်းများကို Motherboard လို့ ခေါ်တဲ့ လျှပ်စစ်ပစ္စည်းများတပ်ဆင်ထားပါတယ်။Motherboard လျှပ်စစ် ဘုတ်ပြားကတော့ ကွန်ပျူ တာရဲ. လိုအပ်တဲ့ ပစ္စည်းတွေကို လည်ပတ်နိုင်အောင် လျှပ်စစ်ပတ်လမ်းများတပ်ဆင်ထားတာပါ။Motherboard မှာ သတိထားရမှာ က လျှပ်စစ်ပတ်လမ်း ပြ ဿ       နာတွေရှိတတ်ပါတယ်။ မိုးမိခြင်းဖြစ်စေ ၊ လျှပ်စစ်ပါ၀ါ မငြိမ်သက်မှု ကြောင့် ဖြစ်စေ ပျက်စီးတတ်ပါတယ်။
Graphics Card
Graphics Card
ကွန််ပျူ  တာ ဂရပ်ဖစ်ကဒ်က တော့ ရုပ်သံပိုင်းတွေပို မို ကြည်လင်ပြတ်သားအောင်လုပ်ဆောင်ပေးတဲ့ အပိုင်းဖြစ်ပါတယ်။ဂရပ်ဖစ်ကဒ်နှင့် Motherboard  တို့ ရဲ.အလုပ်လုပ်ပုံတို့ ဟာလည်း ကိုက်ညီဖို့ လိုပါတယ်။ graphics processing unit လို့ လူသိများတဲ့ GPU ကဒ်ဟာ ဂိမ်းကစားခြင်း ၊ ဒီဇိုင်းဆွဲခြင်းတွေမှာ အရမ်းကို အရေးပါတဲ့ ကွန်ပျူ တာ hardware ပစ္စည်းဖြစ်ပါတယ်။ဂရပ်ဖစ်ကဒ်ကို လုပ်ငန်းလိုအပ်ချက်များအရ  ၂ ကဒ် သို့ မဟုတ် ၃ ကဒ် ထိ တပ်ဆင်နိုင်ပါတယ်။ဒါပေမဲ့ အခြားသော ကွန်ပျူ  တာ ဆက်စပ်ပစ္စည်းတွေနဲ့ ကိုက်ညီမှု ရှိဖို့ လိုအပ်ပါတယ်။
The Processor
The Processor
The Processor
central processing unit လို့ လူသိများတဲ့ ကွန်ပျူ တာ ပရိုဆက်ဆာ ဟာ ကွန်ပျူ တာတစ်လုံးမှာ အရေးအပါဆုံးလို့ ပြောနိုင်ပါတယ်။ ပရိုဆက်ဆာရဲ. လုပ်ငန်းဟာ ကီးဘုတ်က ပေးပို့လာတဲ့ အချက်အလက်တွေကို တွက်ထုတ်ဖြေရှင်းပေးရသည့်အတွက် စွမ်းဆောင်ရည် ကောင်းမကောင်းဆိုတာဟာလည်း ပရိုဆက်ဆာ အပေါ်မှာ အများကြီးမူတည်ပါတယ်။ပရိုဆက်ဆာ ကောင်းခြင်းက လုပ်ငန်း ဆောင်ရွက်ချက်များကို မြန်ဆန်စွာ ပြု လုပ်နိုင်ပါတယ်။ပရိုဆက်ဆာ ကို clockspeed အနေဖြင့် မြန်နှုန်းတွေတိုင်းတာနိုင်ပြီး စျေးကွက်မှာတော့ မော်ဒယ်မြင့်လေ စျေးကြီးလေပါပဲ။ပရိုဆက်ဆာဝယ်မည်ဆိုပါက  အခြားသော ကွန်ပျူ တာပစ္စည်းတွေနှင့် ချိန်ညှိသင့်ပါတယ်။
Cooling System
Cooling System
Cooling System
Cooling System အနေဖြင့် များစွာ အရေးကြီးပါတယ်။Cooling System မပါပဲ အသုံးပြု ပါက ကွန်ပျူ တာ ၏ မားသားဘုတ်နှင့်အတူ ပရိုဆက်ဆာပါ လောင်ကျွမ်းသွားနိုင်ပါတယ်။အထူးသဖြင့် အင်ဂျင်နီယာ ဒီဇိုင်းသမားတွေ၊ဂရပ်ဖစ်ဒီဇိုင်းနှင့် ဂိမ်းကစားသူများဟာ  နည်းပညာမြင့် Cooling System ကို တပ်ဆင်သင့်ပါတယ်။ပုံမှန်  Cooling System တစ်ခုမှာ  အပူခံပြားတစ်ခုနှင့် ပန်ကာ တစ်ခု ရှိပြီး  လျှပ်စစ် အပူကို အပူခံပြားမှ စုပ်ယူပြီးပန်ကာဖြင့် အပူကို အပြင်သို့ ထုတ်လွှတ်ပါတယ်။ပိုပြီးကောင်းမွန်တဲ့ အပူခံစနစ်ကို တပ်ဆင်မည်ဆိုပါက water cooling စနစ်ကို တပ်ဆင်သင့်ပြီး စျေးတော့ ကြီးပါတယ်။
Random-access Memory
Random-access Memory
Random-access Memory
Random-access Memory ဟာ ကွန်ပျူ တာ ရဲ. ကီးဘုတ်မှ ဝင်လာသည့် အချက်အလက်များကို ပရိုဆက်ဆာသိို့ မပို့ခင်  ယာယီ သိမ်းဆည်းပေးထားပါတယ်။အချို. သော  ဆော့ဝဲလ်များဟာ Random-access Memory  ရဲ. အချက်အလက် အသွင်းအထုတ််ပေါ်မှာ မူတည်ပြီး အလုပ်လုပ်နိုင်တာပါ။ အဲ့ဒါကြောင့် Random-access Memory  စနစ်ကို လိုသလို ၈ gigabytes သို့မဟုတ် ၁၂gigabytes အဖြစ်သင့်တော်သလို   မြင့်တင်နိုင်ပါတယ်။
Hard Drive Options
Hard Drive Options
ကွန်ပျူ တာတစ်လုံး၏ အချက်အလက်များကို သိမ်းဆည်းသိုလှောင်ထားနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ကွန်ပျူတာကို လည်ပတ်နိုင်အောင်တပ်ဆင်ရသည့် ဝင်းဒိုးစနစ်အပါအဝင် အခြားအချက်အလက်များကို လည်း Hard Drive က နေသိမ်းယူထားနိုင်ပါတယ်။Hard Drive မပါပဲ ကွန်ပျူတာ လည်ပတ်လို့ မရပါဘူး။Hard Drive မှာလည်းအမျိုးအစားများစွာရှိပါတယ်။Solid state drives က အခြား  hard drives တွေထက်မြန်ဆန်ပေမဲ့ စျေးကြီးပါတယ်။ မိမိလုပ်ငန်းလုပ်မည့် အပေါ်မူတည်ပြီး hard drives တွေကို ရွေးဝယ်နိုင်ပါတယ်။
Operating System
Operating System
Operating System
Operating System ကတော့ ကွန်ပျူ တာရဲ. စနစ်တစ်ခုလုံးကို မောင်းနှင်တဲ့ ဆော့ဝဲလ်ဖြစ်နေပါတယ်။Operating System များစွာရှိပြီး ယခုဖော်ပြထားတာကတော့ မိုက်ခရိုဆော့ ကထုတ်တဲ့ ဝင်းဒိုး ၁၀ ဗားရှင်းပါ။ Operating System ကို တပ်ဆင်မည်ဆိုလျှင်မိမိကွန်ပျူ တာ၏ အခြားပစ္စည်းများနှင့် ချိန်ကြည့် ရပါမယ်။အဲ့ဒီလိုမဟုတ်ရင် ကွန်ပျူ တာဟာ လေးလန်ပြီး နှေးကွေးသွားနိုင်ပါတယ်။Linux စနစ်ကတော့ လူသုံးနည်းပါတယ်။လုံခြုံရေးစနစ် ကောင်းပြီး အချို. ဆော့ဝဲလ်တွေကို လုပ်ငန်းလုပ်ဖို့ အတွက် လိုအပ်တဲ့ကျွမ်းကျင်မှု တော့ရှိရပါမယ်။
Optical Drives
Optical Drives
Optical Drives
Optical Drives ဟာ  ကွန်ပျူ တာ ဝင်းဒို စနစ်တပ်ဆင်ထည့်သွင်းဖို့ အတွက် အလွန်ကို အရေးပါ တဲ့ပစ္စည်းဖြစ်ပါတယ််။အခြားသော CD /DVD အခွေများလည်းထည့်သွင်းကြည့်နိုင်ပြီး  အမျိုးအစားများစွာရှိသည့် အနက် မိမိနှစ်သက်ရာကို ရွေးနိုင်ပါတယ်။
Care and Maintenance
Care and Maintenance
Care and Maintenance
ကွန်ပျူတာတစ်လုံးကို ပြု ပြင်တပ်ဆင်တော့မည်ဆိုလျှင် လျှပ်စစ်ပစ္စည်းဖြစ်သည့်အတွက် လိုအပ်တဲ့ တပ်ဆင်မှုများနေရာ ကျမကျကို အားလုံးစစ်ဆေးသင့်ပါတယ်။ လျှပ်စစ်ပစ္စည်းများ၏ လျှပ်စစ်အတက်အကျများကြောင့် ပျက်စီးသွားခြင်းမျိုးဖြစ်ပေါ်လာနိုင်ပါတယ်။
Case
Case
ကွန်ပျူတာပစ္စည်းများတစ်နေရာထဲ တစ်စုထဲတပ်ဆင်နိုင်ရန်အတွက် ပစ္စည်းတပ်ဆင်နိိုင်သည့် Case တစ်ခုလိုအပ်ပါတယ်။Case အနေဖြင့် ပုံစံအမျိုးမျိုး ရှိပြီး မိမိ တပ်ဆင်မည့် ပစ္စည်းများအပေါ်မူတည်ပြီး ရွေးခြယ်နိုင်ပါတယ်။
computer power supply
computer power supply
computer power supply
 ကွန်ပျူ တာ ပါ၀ါစနစ်ကို ကွန်ပျူ တာ၏ မားသားဘုတ်နှင့်အတူ အခြားသော ပစ္စည်းများ၏ လုပ်ငန်းပိုင်းအတွက် လိုအပ်သည့် လျှပ်စစ် ခွဲဝေစနစ်အတွက် အသုံးပြု ခြင်းဖြစ်သည်။ အများအားဖြင့် ပါ၀ါကို မားသားဘုတ် ၊ Optical Drives နှင့် Hard Drive များကို မောင်းနှင်နိုင်ရန် အတွက် အသုံးပြု သည်။မိမိ ကွန်ပျူ တာ ပစ္စည်းဖြင့် ကိုက်ညီသည့် ပါ၀ါ စနစ်ကို ရွေးခြယ်ရန်အထူးလိုအပ်သည်။
uninterruptible power supply
uninterruptible power supply
uninterruptible power supply စနစ်ကို ကွန်ပျူ တာ ပါ၀ါ စနစ်အတွက် အထောက်အကူပြု အသုံးပြု သင့်သည်။UPS ၏ အဓိကလုပ်ငန်းမှာ ကွန်ပျူ တာ desktop များတွင် လျှပ်စစ်ပြတ်တောက်မသွားအောင်ပြု လုပ်ပေးထားနိုင်သည်။ လျှပ်စစ်မီး ပြတ်တောက်သွားချိန်တွင် ကွန်ပျူ တာကို အချက်အလက်များသိမ်းဆည်းထားနိုင်ရန်အတွက် အထောက်အကူပြု ပြီး ဓာတ်ခဲအားကုန်ခန်းနေသည့် လက်တော့ကွန််ပျူ တာများအတွက်လည်း အထူးအသုံးဝင်သည်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations