လမ်းမရဲ့ တစ်ခြမ်းလောက်က ဆိုးဆိုးရွားရွား ပြိုကျသွားခဲ့တာပါ။

တရုတ်နိုင်ငံ အရှေ့ပိုင်း နန်တောင်းမြို့ရဲ့ လမ်းမကြီးတစ်ခုအလယ်က မြေပြိုကျမှုဟာ အင်တာနက်ပေါ်မှာ လူကြည့်များတဲ့ ဖြစ်ရပ်တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

သစ်ပင်တစ်ပင်ရဲ့ အမြစ်တွေကြောင့် မြေပြိုမှု ဖြစ်ပေါ်ခဲ့ရတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိပေမယ့်လည်း ဒီမြေပြိုမှုဟာ ကြောက်စရာကောင်းခဲ့တာ အမှန်ပါပဲ။

မြေပြိုမှုကြောင့် မြေအောက်ပိုက်လိုင်းတွေ ကျိုးပျက်သွားခဲ့ပြီး ရေတွေလည်း ပတ်ဝန်းကျင်မှာ စီးဆင်းခဲ့ရပါတယ်။

မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စာရင်းကို မီဒီယာတွေက ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပဲ တရုတ်နိုင်ငံမှာတော့ ဒီလို ကိစ္စတွေက မထူးဆန်းတော့ဘူးလို့ ပြောဆိုနေကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations