ရီးရဲလ် အသင်းကလည်း အေစီမီလန် ဂိုးသမား ဂဲလ်နူးလ်ဂီ ခေါ်ယူဖို့ စိတ်ဝင်စားနေ..

ယခု နှစ်ဘောလုံးရာသီရဲ့  အစပိုင်းမှာ အပြောင်းအရွှေ့  သတင်းတွေကို လူအများစိတ်ဝင်စားနေကြပါတယ်။အီတလီနဲ့ စပိန် သတင်းစာ တွေရဲ့  ဖော်ပြချက်ထဲမှာ တော့ အေစီမီလန်   ဂိုးသမား ဂဲလ်နူးလ်ဂီ ရဲ့  သတင်းတွေက စိုးမိုးထားတာဖြစ်ပါတယ်။

အသက် ၁၈ နှစ် သာ ရှိသေးသည့် အေစီမီလန် ဂိုးသမား   ဂဲလ်နူးလ်ဂီ ကို ရီးရဲလ် မက်ဒရစ် အသင်းက ခေါ်ယူ ဖို့ စိတ်ဝင်စားနေတယ်လို့ လဲ ပြောထားပါတယ်။ဒီနှစ် အပြောင်းအရွှေ့  တွေမှာ ရီးရဲလ် အသင်းက ဂိုးသမား အသစ်တစ်ယောက်ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ ဂဲလ်နူးလ်ဂီ ကို ရီးရဲလ် မက်ဒရစ် အသင်းသာ မကပဲ အသင်းကြီးတွေဖြစ်တဲ့ ပီအက်ဂျီ အသင်းနဲ့ ဂျူ ဗင်တပ်စ် အသင်းတို့ ကလည်း အပြို င် အဆိုင်ခေါ်ယူလိုမှု ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါပေမဲ့  ဂိုးသမား ဂဲလ်နူးလ်ဂီအနေဖြင့် အေစီမီလန်အသင်းနဲ့ ချုပ်ဆိုထားသည့် စာချုပ်ဟာ လာမယ့် နွေရာသီထိ သက်တမ်းကျန်ရှိနေသေးကြောင်းပြောထားပါတယ်။ဘာပဲဖြစ်ဖြစ် ရီးရဲလ်မက်ဒရစ်အသင်းကတော့ မန်ယူဂိုးသမား ဒီဂီယာ ကို ခေါ်ရင် ဂဲလ်နူးလ်ထက် ဈေးပိုပေးရဖွယ်ရှိပါတယ်။ဒါ့ကြောင့် ဂဲလ်နူးလ် ကို ပဲ ခေါ်ယူဖွယ်ရှိတယ်လို့ ဥရောပသတင်းစာတွေက သုံးသပ်ထားတာဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations