လူကာကူ အနေဖြင့် အသင်းဟောင်းချဲလ်ဆီးသို့ ....

ယခု နှစ်နွေရာသီအပြောင်းအရွှေ့  မှာ ချဲလ်ဆီးအသင်းအနေဖြင့် အဲဗာတန်အသင်းရဲ့  အဓိကတိုက်စစ်မှုး လူကာကူ ကို  ခေါ်ယူရန်အတွက် ပဏာမ သဘောတူ ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံတကာသတင်းမီဒီယာတွေရဲ့  ဖော်ပြချက် အရ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်း မှာ လူကာကူ ဟာ တစ်ပတ်လုပ်ခ ပေါင် ၁သိန်းခွဲ ခန့် ရရှိ မှာဖြစ်ပါတယ်။လူကာကူ ဟာ ၂၀၁၄ ခုနှစ်ဇူလိုင်လတုန်းက ပြောင်းရွှေ့  ကြေး ပေါင် ၂၈ သန်းဖြင့်ချဲလ်ဆီးအသင်းမှ အဲဗာ တန်အသင်းသို့ ပြောင်းရွှေ့  ခဲ့တာလည်းဖြစ်ပါတယ်။လူကာကူ အနေဖြင့် အဲ့ဒီအချိန်တုန်းက အဲဗာတန်အသင်းနဲ့  တစ်ပတ်လုပ်ခ ပေါင် ၇သောင်းခွဲနဲ့ စာချုပ်ချုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ ဟာ ၂၀၁၇ ခုနှစ် ရဲ့  ပရီးမီးယားလိဂ်ပြိုင် ပွဲတွေမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ အဲဗာတန် ရှေ့  တန်းတိုက်စစ်မှူး လည်းဖြစ်ပါတယ်။တကယ်လို့ လူ ကာကူ သာ ချဲလ်ဆီလ်းကို ပြောင်းရွှေ့  ဖို့ သေချာမည်ဆိုပါက ချဲလ်ဆီးအသင်းအနေဖြင့် ပေါင် သန်း ၁၀၀ခန့် ထိ ကုန်ကျဖွယ်ရှိနေတယ်လို့လည်းသတင်းတွေထွက်ဖော်နေပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းဟာ ရီးရဲလ် အသင်းရဲ့  ကစားသမားမိုရာတာကို မန်ယူနဲ့ အပြိုင်  ခေါ်ယူဖို့  လည်းပြု လုပ်နေတယ်လို့ ဆိုပြန်ပါတယ်။ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်ရဲ့  လက်ရှိချန်ပီယံ   ချဲလ်ဆီး အသင်းနီးပြ ကွန်တီ ဟာ လူကာကူ ကို ကော်စတာနဲ့ တွဲဖက် ကစားစေမှာလားဆိုတာကိုတော့ ချဲလ်ဆီးပရိတ်သတ် စိတ်ဝင်စားနေပါလိမ့်မယ်။

ဒါ့ကြောင့် လူကာကူကို စတန်းဖို့ ဘရစ်မှာ ပြန်လည်မြင်တွေ့ နိုင်မလားဆိုတာ သေချာအောင်စောင့်ကြည့်ရမှာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations