ယခု နှစ်နွေရာသီမှာ ပါင်သန်း ၁၅၀ ထိ သုံးစွဲဖွယ်ရှိနေ...

လီဗာပူးဘောလုံး အသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ် အသင်းက ( RB Leipzig) တိုက်စစ်ကစားသမား ကီတာ(Keita) ကို ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းမှု တွေပြု လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ကီတာ ဟာ လိုက်ပ်ဇစ် အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေပါသေးတယ်။လီဗာပူးအသင်းဟာ မကြာသေးမီကလည်း ရိုးမားအသင်းရဲ့ အီဂျစ် တိုက်စစ်မှူး ဆာလက် ကို စံချိန် တင်ကြေး ပေါင် ၃၅ သန်းနဲ့ အပိုဆုကြေးတွေပေးပြီး ခေါ်ဖို့ သဘောတူခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ယခု နှစ်နွေ ရာသီအကြို အပြောင်းအရွှေ့  တွေမှာ ပေါင်သန်း ၁၅၀ ကျော်ထိ အသုံးပြု သွားဖို့ေ သချာသလောက်ရှိနေတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေကဖော်ပြနေပါတယ်။ လီဗာပူး အသင်းနည်းပြ ဂျာဂန် ကလော့ပ် အနေနဲ့ အသင်းရဲ့  ပြောင်းရွှေ့  ကြေး စံချိန်တွေကို ချိုးဖျက် သုံးစွဲပစ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Naby Keita.

Naby Keita.

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations