နှစ်သင်းစလုံးအတွက် ပွဲကြပ်နေ..

ပေါ်တူဂီအသင်းနဲ့ ချီလီအသင်းတို့ ဟာ ရုရှမြေပေါ် မှာကျင်းပနေတဲ့ တိုက်ကြီးများဖလားပြိုင်ပွဲရဲ့  ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက်တွေ့ ဆုံနေပါပြီ။အကောင်းဆုံးဘောလုံးပွဲတွေထဲက ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ဘောလုံးပွဲ တစ်ပွဲလို့ ဆိုရပါလိမ့်မယ်။ ဇွန်လ ၂၉ ရက်နေ့ ရုရှနိုင်ငံမှာကျင်းပမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ ထူးခြားချက်ကတော့ ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ အကောင်းဆုံးတိုက်စစ်မှူး စီရော်နယ်ဒို ပါဝင်နေသလို ချီလီအသင်းမှာလည်း အင်္ဂလန်ကလပ် အာဆင်နယ်အသင်းရဲ့  အကောင်းဆုံးတိုက်စစ်မှူး ဆန်းချက် ပါဝင်နေပြန်ပါတယ်။

ချီလီတိုက်စစ်မှူး ဆန်းချက်ဟာ အာဆင်နယ်အသင်းကို အက်ဖ်အေဖလားရရှိအောင် အဓိကနေရာက စွမ်းဆောင်ထားနိုင်သလို စီရော်နယ်ဒိုကတော့ စပိန်ကလပ် မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါ ဖလားတို့ရရှိစေခဲ့သူဆိုရင်လည်းမမှားပါဘူး။တိုက်စစ်မှူးဆန်းချက်ဦးဆောင်တဲ့ ချီလီအသင်းဟာ ကိုပါအမေရိက ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်နေပြီး ရော်နယ်ဒိုရဲ့  ပေါ်တူဂီအသင်းကလည်း ယူရို ၂၀၁၆ ဖလားရဲ့  ချန်ပီယံဖြစ်နေပြန်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေပါဝင်နေတဲ့ အကောင်းဆုံးဘောလုံးအသင်းတွေရဲ့  ကံကြမ္မာ ဟာ ကြိုတင်ခန့်မှန်းဖို့ မလွယ်ပါဘူး။ဒါ့ကြောင့် ဘောလုံးလောကရဲ့  ခန့်မှန်းလို့ မလွယ်တဲ့ ရလဒ်တွေထဲမှာ တိုက်ကြီးများဖလားရဲ့ ဗိုလ်လုပွဲကို ဘယ်အသင်းတက်ရောက်သွားမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations