အိမ်မက် တွေနဲ့ အဓိပ္ပါယ်တွေ..

ကြောင်တွေအကြောင်း

ကြောင်တွေအကြောင်း

ကြောင်တွေအကြောင်းအိပ်မက်မက်တယ်ဆိုရင်တော့ ကြောင်တွေနဲ့ အိမ်မက်မက်သူ ဟာနေ့စဉ် ဆက်သွယ်မှု တစ်စုံတစ်ခု ရှိသူလို့ ယူဆနိုင်ပါတယ်။ကြောင်တွေဟာ လွတ်လပ်စွာနေထိုင်တတ်ကြပြီး ၊စိတ်ပိုင်းဆိုင်ရာမှာလည်း လွတ်လပ်မှု၊ဖန်တီးနိုင်မှုနဲ့ စိတ်စွမ်အင်တွေရဲ့  နိမိတ်တွေလို့ ဆိုနိုင် ပါတယ်။ဒါပေမဲ့ အဓိပ္ပါယ်ကောက် ယူတဲ့ အပိုင်းကတော့ အိမ်မက်မက်သူရဲ့အယူအဆပေါ်မှာ မူတည်နေပါတယ်။

မြွေတွေ

မြွေတွေ

မြွေတွေကို အိပ်မက်မက်တယ်ဆိုရင်တော့ အိပ်မက်မက်သူဟာ မြွေတွေကို မြင်ဖူးသိဖူးထားလို့ ဖြစ်နိုင်ပါတယ်။လူအများစုကတော့ မြွေတွေကို အိပ်မက်မက်တယ်ဆိုရင် ကြောက်ရွံ့  နေတတ်ကြပါတယ်။ဒါပေမဲ့ အိပ်မက်မက်သူ တွေးထင်သလို မဟုတ်တဲ့ အဓိပ္ပါယ်တွေကို မြွေအိပ်မက် က ဖော်ပြနေတတ်ပါတယ်။အဲ့ဒါကတော့ လျှို့ ဝှက်ချက်တွေပေါက်ကြားသွားနိုင်တယ်ဆိုတဲ့ နိမိတ်လို့ ယူဆနိုင်ပါတယ်။

တံခါးတွေအကြောင်းအိပ်မက်တွေ

တံခါးတွေအကြောင်းအိပ်မက်တွေ

တစ်စုံတစ်ယောက်က တံခါးတွေကို မြင်တဲ့ အိပ်မက်မက်တယ်ဆိုရင် သာမန်အားဖြင့် ကောင်းမွန်တဲ့ အိပ်မက်လို့ ယူဆနိုင်ပါတယ်။ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖြစ်ပေါ်ဖို့ အတွက် နိမိတ် ကောင်းလို့ ယူဆနိုင်သလို အိပ်မက်မက်သူနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတဲ့ အဓိပ္ပါယ်ဆောင်နေပါတယ်။

အစားအသောက်တွေနဲ့ ပတ်သက်တဲ့အိပ်မက်တွေ

အစားအသောက်တွေနဲ့ ပတ်သက်တဲ့အိပ်မက်တွေ

အိပ်မက်မက်သူဟာ အသီးအရွက်တွေကို အိပ်မက်ထဲမှာ တွေ့ မြင်တယ်ဆိုရင်တော့ မြင်မက်တဲ့ အသီးအရွက်တွေပေါ်မှာမူတည်ပြီး သီးခြားအဓိပ္ပါယ်တွေရှိနေတတ်ပါပြီ။တကယ်လို့ ပန်းသီးကို မြင်မက်တယ်ဆိုရင် ဒါဟာ ဗဟုသုတအတွေးအခေါ်အမျှော်အမြင်နဲ့ ဆိုင်တဲ့ အချက်အလက် ပတ်သက်မှု မျိုးတွေကြုံရမှာဖြစ်ပါတယ်။တကယ်လို့ အသားတွေနဲ့ သက်ဆိုင်တဲ့ အိပ်မက်သာဆိုရင် အားဖြည့်ဖို့ လိုအပ်တယ်လို့ ယူဆနိုင်သလို အသားညှပ်ပေါင်မုန့်တွေအကြောင်းမြင်မက်တယ်ဆိုရင်တော့ အိပ်မက် မက်သူဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ လို့ ယူဆနိုင်ပါတယ်။ထူးဆန်းတာကတော့ အိပ်မက်ထဲမှာ စတော်ဘယ်ရီသီးတွေကို မြင်မက်နေပြီဆိုရင်တော့ ဒါဟာကာမဂုဏ်အာရုံတွေထဲမှာ ကပ်ငြိနေပြီလို့ သာမန်အားဖြင့် မှတ်ယူနိုင်ပါတယ်။

ရေနဲ့ပတ်သက်တဲ့အိပ်မက်တွေ

ရေနဲ့ပတ်သက်တဲ့အိပ်မက်တွေ

Dreaming about water is pretty

အိပ်မက်ထဲမှာ ရေနဲ့ ပတ်သက်တဲ့ အချက်အလက်မျိုးမြင်မက်တယ်ဆိုရင်တော့ ဒါဟာ လှပတဲ့ အိပ်မက်တစ်ခုလို့ ပြောနိုင်ပါတယ်။ဒါဟာ မသိစိတ်ရဲ့  ရောင်ပြန်ဟပ်မှု လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ အိပ်မက်ဆိုတာ ကို အဓိပ္ပါယ်ကောက်ယူဖို့ အတွက် အမျိုးမျိုးကွဲပြားမှု တွေတော့ ရှိနေပါတယ်။အိပ်မက်မက်သူရဲ့  အိပ်မက်ထဲ က အခြေအနေပေါ်မှု တည်ပြီး အဓိပ္ပာယ်လည်း ကွဲပြားခြားနားသွားမှာဖြစ်ပါတယ်။

အိပ်မက်မက်သူရဲ့  အိပ်မက်ထဲက ရေက ညစ်ပေနေတဲ့ ရေတွေဆိုရင် အဓိပ္ပါယ်တစ်မျိုးပြောင်းသွားမှာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations