၂ နှစ်စာချုပ် နဲ့ ....

လင်ဖီးအသင်း ရဲ့  ကွင်းလယ်ကစားသမား အီသန်ဟာ မန်ယူအသင်းနဲ့ နောက်ဆုံးအပြောင်းအရွှေ့  စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အသက် ၁၆ နှစ်သာရှိသေးတဲ့ မြောက်အိုင်ယာလန် ရဲ့  ယူ ၁၇ ကွင်းလယ်ကစားသမားကို မန်ယူအသင်းက ၂ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။စာချုပ်အရ အီသန် ဟာ တစ်နှစ် စကောလားရှစ် ရရှိခဲ့ ပြီး နောက်ထပ် ၂ နှစ် မန်ယူအသင်းမှာ ရှိနေမှာလည်းဖြစ်ပါတယ်။အီသန်အနေနဲ့ အိုင်ယာလန်အသင်းအတွက် ယူ ၁၈ အသင်းအထိ တက်ရောက် ကစားခွင့် ရထားပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေကို လည်းပြသနေတာဖြစ်ပါတယ်။

အိုင်ယာလန်လူငယ်ကစားသမား အီသန် အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ရဲ့  အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ ပြီး လာမယ့်ရာသီအစမှာ အသက် ၁၈ နှစ်အောက် ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

အီသန်အနေနဲ့ ကတော့ မန်ယူ ကလပ်ရဲ့  လက်ရွေးစင် အသင်းကို ပါဝင်ခွင့် ရဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။

Manchester United have signed 16-year-old Northern Ireland midfielder Ethan Galbraith

Manchester United have signed 16-year-old Northern Ireland midfielder Ethan Galbraith

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations