ချီလီ vs ဂျာမနီ

တိုက်ကြီးများဖလားပြိုင်ပွဲရဲ့  ဗိုလ်လုပွဲစဉ်မှာတော့ဂျာမနီအသင်းနဲ့ ချီလီအသင်းတို့ ထိပ်တိုက် ဗိုလ်လု ရမှာ ဖြစ်ပါတယ်။ ချီလီအသင်း ဟာ ပေါ်တူ ဂီအသင်း နဲ့ ပွဲချိန် ပြည့် အကြိတ်အနယ်ကစား ခဲ့ပြီး ပင်နယ်တီ နဲ့ အနိုင်ရ ကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ဂျာမနီအသင်းကတော့ အထူးခြေစွမ်းပြ ကာ မက္ကဆီကို အသင်းကို ၄ -၁ နဲ့ အနိုင်ရပြီး ဖိုင်နယ်ကို တက်ရောက်လာတာလည်းဖြစ်ပါတယ်။

နောက်ဆုံးဖိုင်နယ် မှာ တွေ့ ကြမဲ့ နှစ်သင်းစလုံးမှာ အားသာချက်တွေကိုယ်စီရှိနေပါတယ်။ ချီလီအသင်းအနေနဲ့ ဂိုးသမား ဘရာဗို ကို ဆက်လက်အားကိုးရဖို့ရှိနေပြီး ပွဲစဉ်တစ်လျောက် လက်စွမ်းပြလာခဲ့တဲ့ အသင်းခေါင်းဆောင် ဂိုးသမားအနေနဲ့ ဒီပွဲမှာလည်း ဂျာမနီရဲ့ တိုက်စစ်ကို ကာကွယ်ရမှာပါ။ ချီလီအသင်းရဲ့ တိုက်စစ်ပိုင်းမှာလည်း အားရစရာကစားသမားတွေရှိနေပြီး အသင်းလိုက်စုစည်းအားပြိုင်မှု ကလည်း အားနည်းချက်မရှိသလောက်ပါပဲ။

ဂျာမနီအသင်းက လည်း တိုက်စစ်ပိုင်း အထူးကောင်းမွန်ပြီး မိနစ်ပိုင်းအတွင်း ဂိုးရအောင်စွမ်းဆောင်နိုင်တဲ့ ကမ္ဘာ့ အဆင့်မီကစားသမားတွေ ရှိနေပါတယ်။ဒီနှစ်သင်းတွေ့ ဆုံတဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ် မှာ ဘယ်အသင်းက ခြေစွမ်းပြပြီး အနိုင်ကစားသွားမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

ဂျာမနီ

ဂျာမနီ

CHILE WIN ON PENALTIES

CHILE WIN ON PENALTIES

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations