လူမည်းသူဋ္ဌေးများ..

Aliko Dangote

Aliko Dangote

Aliko Dangote

အယ်လီကို ဟာ နိုင်ဂျီးရီးယား သူဋ္ဌေးဖြစ်ပြီး ဒန်ဂိုတီ အုပ်စု ကို ပိုင်ဆိုင်တဲ့ ဘီလျံနာ လည်းဖြစ်ပါတယ်။အာဖရိကရဲ့  အချမ်းသာဆုံးသူဋ္ဌေးတစ်ယောက်လည်းဖြစ်နေပြီး အာဖရိက နိုင်ငံအများအပြားမှာ လည်းသူ့ ရဲ့  ပိုင်ဆိုင်မှု လုပ်ငန်းတွေရှိနေတာဖြစ်ပါတယ်။အယ်လီဟာ တရုတ်နဲ့ တောင်အာဖရိကတွေမှာတောင် စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်နေပါပြီ။သူ့ ရဲ့  ပိုင်ဆိုင်မှု တန်ဖိုးကတော့ $15 billion ထိ ရှိပါတယ်။

Master P

Master P

Master P

မာစတာပီ ကတော့ ဘက်စကတ်ဘောကစားသမားတစ်ဦးဖြစ်ပါတယ်။သူဟာ ပါရမီရှင်တစ်ဦးလို့ တောင်ပြောနိုင်ပါတယ်။မာစတာပီအနေနဲ့ ရပ်ပါ အဆိုတော်၊ထုတ်လုပ်ရေး၊သရုပ်ဆောင်၊စာရေးဆရာ၊လုပ်ငန်းရှင်၊စီးပွားရေးရင်းနှီးမြှုပ်နှံသူ အစရှိတဲ့ လုပ်ငန်းတွေလုပ်ကိုင်သူဖြစ်ပါတယ်။သူ့ ရဲ့  ပိုင်ဆိုင်မှု တန်ဖိုးကတော့ ဒေါ်လာ သန်း $350 ထိရှိနေပါတယ် ။

Michael Lee-Chin

Michael Lee-Chin

Michael Lee-Chin

မိုက်ကယ်လီချင်း (Michael Lee-Chin ) ကတော့ ကနေဒါရဲ့  အချမ်းသာဆုံးထဲ ကတစ်ယောက်ဖြစ်ပါတယ်။သူဟာ ဂျမေကာ နဲ့ တရုတ် မျိုးနွယ် ဖြစ်ပြီး ပေါ့လန်းဟိုးဒင်း ကုမ္ပဏီကို တည်ထောင်ထားသူလည်းဖြစ်ပါတယ်။သူဟာ ကျွမ်းကျင်တဲ့ ရင်းနှီးမြှုပ်နှံ သူ သူဋ္ဌေးတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ ရဲ့  ပိုင်ဆိုင်မှု တန်ဖိုးကတော့ ဒေါ်လာ $1 billion ထိ ရှိနေပါတယ်။

Dr. Dre

Dr. Dre

ဒေါက်တာဒရေး ဟာ အမေရိကန် ရက်ပ်ပါ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။သူ့ ရဲ့  လုပ်ငန်းတွေကတော့ ထုတ်လုပ်ရေး၊ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်ပါတယ်။သူဟာ အာဖတာမက် ဖျော်ဖြေရေးကုမ္ပဏီနှင့် ဘိလျှပ်စစ် ကုမ္ပဏီ ရဲ့  တည်ထောင်သူလည်းဖြစ်ပါတယ်။သူ့ ရဲ့  ပိုင်ဆိုင်မှု တန်ဖိုးကတော့ ဒေါ်လာ သန်း 350 ထိ ရှိနေပါတယ်။

Mohammed Hussein Al Amoudi

Mohammed Hussein Al Amoudi

Mohammed Hussein Al Amoudi

မိုဟာမက် ဟူစိန်ဟာ ဆော်ဒီနဲ့ အီသီယိုးပီးယား လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။သူ့ရဲ့  လုပ်ငန်းတွေကတော့ ဆောက်လုပ်ရေး၊စွမ်းအင် ရှာဖွေဖော်ထုတ်ရေး၊ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းများ၊စက်ရုံများ၊ဟိုတယ်များ၊စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းအများအပြားရှိနေပါတယ်။မိုဟာမက် ဟူစိန်ရဲ့  ပိုင်ဆိုင်မှု တန်ဖိုးကတော့ ၁၀ ဘီလီယံ ရှိနေပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations