ဂျပန်တက္ကသိုလ်အသင်း က မြန်မာယူ ၂၂ အသင်းကို ၂-၁ နဲ့ အနိုင်ရ..

မနေ့ က  မြန်မာ နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ KBZ Bank Cup ရဲ့  နောက်ဆုံးပွဲ စဉ် အပြီး မှာ ချန်ပီယံဆုဖလားကို  ဂျပန်တက္ကသိုလ်အသင်းက ရရှိသွားပါတယ်။ပြိုင်ပွဲ ရဲ့  စည်းကမ်းချက်များအရ မြန်မာ ယူ ၂၂ အသင်းဟာ ဂျပန် တက္ကသိုလ်အသင်းကို အနိုင်ရရှိ မှ ဆု ဖလားရရှိမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ဂျပန်တက္ကသိုလ်အသင်းက မြန်မာ ယူ ၂၂ အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် ချန်ပီယံဆုဖလားဆွတ်ခူးသွားခဲ့တာပါ။

 KBZ Bank Cup ဖိတ်ခေါ် ဖလားကို အိမ်ရှင်မြန်မာအသင်း က ရမှတ် ၆ မှတ်  နဲ့ ဟောင်ကောင်ယူ ၂၂ အသင်း က ရမှတ် ၃ မှတ် ၊ကမ္ဘောဒီးယားအသင်းကရမှတ်မရဘဲ  ၊ဂျပန်တက္ကသိုလ်အသင်းအသင်း က ရမှတ်၉ မှတ် ရရှိခဲ့ပါတယ်။မနေ့ ကပွဲ အပြီးမှာ  အုပ်စုတွင်း ဖိတ်ခေါ်ထားတဲ့ အသင်း၎ သင်းယှဉ်ပြိုင်ကစားရပြီး အမှတ်အများဆုံးအသင်းဖြစ်တဲ့ ဂျပန်တက္ကသိုလ်အသင်းက  ဖလားရရှိသွားတာလည်းဖြစ်ပါတယ်။

 KBZ Bank Cup ရဲ့  ဂိုးသွင်းအများဆုံးဆုကို မြန်မာအသင်းရဲ့ တိုက်စစ်မှူး အောင်သူက ရရှိခဲ့ပြီး အကောင်းဆုံး ဘောလုံးသမားဆုကို တော့ ဂျပန်တက္ကသိုလ်အသင်းက  ရှူတိုအဘဲ ရရှိသွားပါတယ်။

Source burmese.dvb

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations