မြန်မာအသင်းယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတကာ စက်

အမေရိကန် နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲကို မြန်မာကိုယ်စားပြု အသက် ၁၈ အောက်လူ ငယ် စက်ရုပ်နည်းပညာ အသင်းတစ်သင်းလည်းဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။စက်ရုပ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၆၀ ကျော်က လူငယ်တွေ ၀င်ရောက်ယှဉ်ပြိုင်နေတာလည်းဖြစ်ပါတယ်။

 First Global  စက်ရုပ်ပြိုင်ပွဲ အသင်းကကြီးမှုး ကျင်းပတဲ့ စက်ရုပ်ပြိုင်ပွဲဟာ တစ်ပွဲစီမှာ ၆ နိုင်ငံစုပေါင်း ယှဉ်ပြိုင်ကြရတာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် ပြိုင်ပွဲတိုင်းမှာ အသင်းလိုက် စုစည်းမှု ကတော့ အရေးပါနေမှာဖြစ်ပါတယ်။

မြန်မာ နိုင်ငံကိုယ်စားပြု လူငယ်စက်ရုပ် အသင်းအနေနဲ့ နည်းပညာမြင့် နိုင်ငံတွေနဲ့ အတူ ပူးပေါင်းယှဉ်ပြိုင်မှု တွေ ပြု လုပ်နေရတာလည်းဖြစ်တဲ့ အတွက် စိန်ခေါ်မှု တွေ တော့ ရှိနေမှာဖြစ်ပါတယ်။

မြန်မာအသင်းက July ၁၇ ရက်၊ တနင်္လာနေ့မှာ စုစုပေါင်း ၃ ပွဲယှဉ်ပြိုင်ခဲ့ပြီး ရမှတ် ၂၂၉ မှတ်ရထားတယ်လို့ လည်းသိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations