တစ်ယောက်သေတဲ့ အချိန်မှာ ဘာကြောင့် အခြားတစ်ယောက်က ခွဲစိတ်ဖို့ ငြင်းဆန်တာလဲ ဆိုတဲ့ အဖြေ...

၁၉၅၀ ခုနှစ် ဇန်န၀ါရီရဲ့   ဆောင်းရာသီ နေ့ တစ်နေ့  ရုရှနိုင်ငံ မော်ကို  ဒေသ မှာ Masha နဲ့  Dasha Krivoshlyopova ဆိုတဲ့ အမွှာ ကလေး ၂ ဦးကို မိခင်အားဗိုက်ခွဲပြီးမွေးဖွားခဲ့ပါတယ်။မေ့ဆေး ထိုးထားတဲ့ 

ကလေးရဲ့  မိခင် ယန်ကာတာရီးယား (Yekaterina ) ပြန်လည် ကောင်းမွန်လာတဲ့ အချိန်မှာ ကလေးတွေသေပြီလို့ ရုရှ ဆိုဗီယက်ဆေးဘက်ဆိုင်ရာ သုတေသ ပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။တကယ်တော့ အဲ့ဒီအချိန်က စတာလင်ရဲ့  ဆိုဗီယက် ရှိ မော်စကို ဆေးဆရာဝန်တွေရဲ့  လိမ်လည်ခြင်းပါပဲ။

 စိတ်ပညာရှင်တွေ၊ဆေးပညာ ရှင်တွေ အနေနဲ့ ကလေးငယ် ၂ ယောက်ရဲ့  ထူးခြားတဲ့  ပုံမှန်မဟုတ်တဲ့ အနေအထားတွေကို စူးစမ်းလေ့လာချင်တာကြောင့်ပဲဖြစ်ပါတယ်။

၁၉၅၆ ခုနှစ်မှာ ကလေး တွေကို ဗဟိုသိပ္ပံစမ်းသပ်တဲ့ ဋ္ဌာန(Central Scientific Research Institute of Traumatology and Orthopedics)သို့ ပြောင်းရွှေ့  စေခဲ့တာပါ။

အဲ့ဒီအမွှာကလေး ၂ ယောက်မှာ သွေးလွှတ်ကြောတွေ က ပုံမှတ်ထောက်ပံ့ မှု တွေ ရှိနေပေမဲ့ အာရုံခံ ကြောတွေကတော့ တစ်ခု နဲ့ တစ်ခု ထောက်ပံ့ပေးတာ မျိုး မရှိဘူးလို့ သိရပါတယ်။

ရုရှ သိပ္ပပညာရှင်တွေဟာ ကလေး တွေ ရဲ့   စိတ်ချင်းဆက်သွယ်မှု ၊အစာ စားမှု နဲ့ ကိုယ်အပူချိန်ပြောင်းလဲ မှု အစရှိတာတွေကို ၅၃ နှစ်လုံးလုံးစနစ်တကျလေ့လာ ခဲ့ပါတယ်။

Masha နဲ့  Dasha Krivoshlyopova တို့ ဟာ ကမ္ဘာမှာ အသက်အရှည်ဆုံးအမွှာ ကလေး ၂ ယောက်ဖြစ်ပြီး အသက် ၅၃ နှစ်အရွယ် ၂၀၀၃ ခု နှစ် မှ သေဆုံးခဲ့တာပါ။

Masha ဟာ ၂၀၀၃ ခု နှစ် ဧပရယ် ၁၇ ရက်နေ့ မှာ နှလုံးရပ်ပြီး သေဆုံးခဲ့ပါတယ်။မာဆာသေဆုံးပြီး  ခွဲ စိတ်ဖို့ငြင်းဆန်တာကြောင့်  Dasha ဟာလည်း ၁၇ ရီအကြာမှာ သေဆုံးသွားပါတယ်။

တစ်ယောက်သေတဲ့ အချိန်မှာ ဘာကြောင့် အခြားတစ်ယောက်က ခွဲစိတ်ဖို့ ငြင်းဆန်တာလဲ ဆိုတဲ့ အဖြေ ဟာ သိပ္ပနည်းပညာ လောကကို  ရှုပ်ထွေးခတ်သွားစေခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations