နိုင်ငံတကာ ခရီးသွားတွေ ဖြစ်တဲ့ ပါကစ္စတန်တွေနဲ့.....

အင်္ဂလန်နိုင်ငံမှာ နိုင်ငံတကာ က လာရောက်လည်ပတ်တဲ့ ခရီးသည်တွေနဲ့ အင်္ဂလန်ဖွား ပါကစ္စတန် တွေ များလာတာကြောင့် ၅ နှစ်အချိန် အတွင်း ကြက်တိုက်ပွဲ တွေ မြင့်တက်လာကြောင်းသိရပါတယ်။

အင်္ဂလန် နိုင်ငံရဲ့  ဥပဒေတွေ အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ကြက်တိုက်ပွဲ တွေ ကို တရားဝင်ခွင့်ပြု မထားပါဘူး။

၂၀၁၂ ခုနှစ်ကတည်းက မြင့်တက်လာတဲ့ ကြက်တိုက်ပွဲ တွေကို ထိန်းချုပ်ဖို့ ခက်ခဲနေပြီး အိမ်မှာမွေးမြူ ထားတဲ့ ကြက်တွေဖြစ်တာကြောင့် စီးပွားရေးအရလည်း များစွာ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

1835 ခုနှစ်ကတည်းက ဗြိတိန်မှာ ကြက်တိုက် တဲ့ လုပ်ရပ်တွေကို ပိတ်ပင်ခဲ့ပြီး ဖြစ်သော်လည်း ယခု အချိန်မှာတော့ ကြက်တိုက်ပွဲ တွေ ဟာ နိုင်ငံအနှံ့  ပြု လုပ် နေတယ်လို့ ပြောထားပါတယ်။

ကြက်တိုက်ပွဲ ကျင်းပတဲ့ အဖွဲ့ အစည်းတွေ မှာ ကမ္ဘာလှည့် ခရီးသွားတွေ ပါဝင်နေပြီး တိုက်ကြက်တွေကို လေ့ကျင့်ပေးမှု နဲ့ အတူ ဂျပန်နိုင်ငံက ကြက်တွေကို ပိုပြီးနှစ်သက်ကြတာပါ။

ကြက်တိုက်ပွဲ တွေ နဲ့ အတူ တိုက်ကြက်ရောင်းဝယ်ရေးတွေလည်း ပိုမို ပြု လုပ်နေကြပြီး အများဆုံးကတော့ မြောက်အိုင်ယာ လန်မှာ ကြက်တိုက်ပွဲ တွေနဲ့ စည်ကားနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ မှာတော့ ကြက်တိုက်ပွဲ တွေ ကို ပိတ်ပင်ထားပြီး မကြာသေးမီက မှာ နယူးယောက် ကြက်ပွဲ တွေကို ဖမ်းဆီးအရေးယူမှု တွေပြု လုပ်ထားကြောင်းလည်းသိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations