ရှားပါးတဲ့ ပန်းမျိုးစိတ်တွေ ကိုသုတေသန ပြု လုပ်ထား...

Dutchman’s Pipe Cactus

Dutchman’s Pipe Cactus

ရှားစောင်းပန်းပွင့်တွေကတော့ ညဘက်ပွင့်တဲ့ ပန်းအမျိုးအစားတွေလို့ ဆိုပါတယ်။ရှားစောင်းပင်တွေကို ဘရာဇီး ၊မက္ကစီကို နဲ့ တောင်အမေရိက တို့ မှာ အများအပြားတွေ့  နိုင်ပြီး အများအားဖြင့် ပေ ၂၀ ခန့် မြင့်တတ်ကြပါတယ်။နွေရာသီကုန်ဆုံးချိန် နဲ့ ဆောင်းရာ သီအစပိုင်းတွေမှာ ပန်းပွင့်တတ်ကြပြီး ၁ ရက် ၊၂ ရက်ခန့် ကြာအောင်ပွင့်တတ်ကြတယ်လို့ ဆိုပါတယ်။

. Dragon Fruit

. Dragon Fruit

နဂါးပန်းလို့ နာမည်ပေးထားတဲ့ Dragon Fruit ပင်တွေ ကတော့ ည ဘက်မှာပွင့်တတ်ပြီး မက္ကစီကို နဲ့ တောင်အမေရိက အလယ်ပိုင်းဒေသတွေ မှာ တွေ့  ရများပါတယ်။အရှေ့  တောင်အာရှ မှာဆိုရင်တော့ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေ မှာ တွေ့  ရတတ်ပြီး အောက်တိုဘာ ကနေ  မေလ အထိ ပွင့်တတ်တယ်လို့ ဆိုပါတယ်။

Brahma Kamal

Brahma Kamal

Kamal

Kamal ပန်းတွေ ကတော့ ညဘက်ပွင့်တဲ့ အချိန်မှာ အလွန်ကို လှပလွန်းပါတယ်။အများအားဖြင့် တရုတ် နဲ့ အိန္ဒိယ နိုင်ငံတွေ မှာ တွေ့  ရတတ်ပြီး ဆေးဘက်ဝင်အပင်တွေ ဖြစ်တယ်လို့ လည်းသိရပါတယ်။အေးပြီး အရိပ်အာဝါသကောင်းတဲ့ နေရာတွေမှာ တွေ့ရတတ်တဲ့ ဗြဟ္မာ ပန်းတွေကို မီးခိုးဖြူ ရောင်တွေ နဲ့ မြင်တွေ့  ရနိုင်တာလည်းဖြစ်ပါတယ်။

Four o’ clock

Four o’ clock

၎ နာရီပန်းတွေ ကတော့ ည ဘက်မှာပွင့်တတ်တဲ့ ပန်းတွေ ဖြစ်ပါတယ်။ရောင်စုံခြယ်ပန်းတွေဖြစ်ကြပြီး ညနေ ၄ နာရီ ကျော်မှသာပွင့်တတ်တဲ့ ပန်းတွေ ပါ။ပတ်ဝန်းကျင်တစ်ခု လုံး သင်းရနံ့ တွေ ဖြာထွက်နေတာကြောင့် ပန်းပွင့်တာနဲ့ အနီးက ပတ်ဝန်းကျင်က သိနေတဲ့ ပန်းတွေပါပဲ။

MoonFlower

MoonFlower

MoonFlower

MoonFlower ကတော့ ညအချိန် လသာတဲ့ အခါ မျိုးတွေမှာ ပွင့်တတ်တဲ့ ပန်းတွေပါ။သိပ္ပံ သုတေသနအခေါ်အဝေါ်ကတော့ အိုင်ပိုးမီးယား(Ipomoea)လို့ ခေါ်ပြီး မှောဆန်တဲ့ ပန်းတွေလို့ တောင် သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။အိုင်ပိုးမီးယားပန်းတွေဟာ အများအားဖြင့် ပန်းရောင်နဲ့ အဖြူရောင်ပွင့်တတ်ကြပြီး အပင်အမြင့်ကတော့ ၁၅ ပေခန့်မြင့်တတ်တယ်လို့ သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations