မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ တွေမှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊မန်ယူအသင်းတို့ ဂိုးမိုးရွာခဲ့ကြပါတယ်။
မန်ယူအသင်းဟာ ဘေဆယ် နဲ့ ကစားခဲ့ရပြီး ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။မန်ယူအသင်းအတွက် ဂိုးသွင်းခဲ့ကြသူများကတော့ ကွင်းလယ်လူ ဖယ်လိုင်နီက ၃၅ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး တိုက်စစ်မှူး လုကာကု က ၅၃ မိနစ်မှာ ၁ ဂိုးနဲ့ လူငယ်တုက်စစ်မှူး ရတ်ရှ်ဖို့ဒ် က ၈၄ မိနစ် တို့ မှာ ၁ဂိုး အသီးသီးသွင်းယူ ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဘေဆယ်နဲ့ ပွဲမှာ မန်ယူအသင်းအတွက် ဘလိုင်း နဲ့ အက်ရှယ်လေယန်း တို့ အ၀ါကဒ်ပြသတိပေးခြင်းလည်း ခံခဲ့ရပါတယ်။
ကွန်တီ ရဲ့  ချဲလ်ဆီးအသင်းကတော့ ချန်ပီယံလိဂ်မှာ အထူးခြေစွမ်းပြကစားသွားပါတယ်။ချဲလ်ဆီးက ချန်ပီယံလိဂ်မှာ ကာရာဘတ် အသင်းကို ၆-၀ နဲ့ အနိုင်ရရှိပြီး အုပ်စု ကို ဦးဆောင်နေပါတယ်။ချဲလ်ဆီးအုပ်စုမှာ အက်သလက်တီကို နဲ့ ရိုးမားတို့ သရေကျခဲ့တာကြောင့် ၁ မှတ်စီနဲ့ ပဲ ကျေနပ်ခဲ့ရတာပါ။
ချဲလ်ဆီးအသင်းအတွက် သွင်းဂိုးတွေကို တိုက်စစ်မှူး ပက်ဒရို က ပွဲ စစချင်း ၅ မိနစ် မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဇတ်ပါကော်စတာ က ၃၀ မိနစ်မှာ ၁ ဂိုး၊ အက်ဇ်ပီလီကူအီတာ က ၅၅ မိနစ် မှာ ၁ ဂိုး ၊ ဘာကာယိုကို က ပွဲ ချိန် ၇၁ မိနစ်မှာ ၁ ဂိုး နဲ့ ဘတ်ရွာယီ က ၇၆ မိနစ်မှာ ၁ ဂိုး တို့ သွင်းယူပေးခဲ့ကြပြီး နောက်ဆုံးဂိုးကတော့ ကာရာဘတ်ကစားသမား မက်ဒ်ဗီဒက် ကိုယ့် ဂိုးကိုယ် သွင်းယူမိလို့ ချဲလ်ဆီးတို့ ၆ ဂိုးရရှိခဲ့ရတာလည်းဖြစ်ပါတယ်။
အခြားသော ချန်ပီယံလိဂ်အသင်းတွေအနေနဲ့ ပီအက်ဂျီက ဆဲလ်တစ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မော်စကို က ဘင်ဖီကာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်က လည်း အန်ဒါလတ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ရိုးမား အက်သလက်ကတော့ ၀-၀ နဲ့ သရေကျခဲ့ရပါတယ်။
စပိန် နာမည်ကြီးဘာစီလိုနာက ဂျူဗင်တပ်စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး စပိုစ့်တင်း စီပီက အိုလံပီယာကိုစ့်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
Facebook Conversations