သံပုရာသီးကနေ ဖုန်းအားသွင်းနိုင်ကြောင်း အီလက်ထရောနစ်ပညာရှင်တွေက ထုတ်ဖော်ပြသထားပါတယ်။ဒါပေမဲ့ သစ်သီးတွေကနေ ဖုန်းအားသွင်းတာဟာ နည်းစနစ် မှန်တဲ့ လုပ်ရပ်တော့မဟုတ်ပါဘူး။
ထူးခြားတာကတော့ အက်ဆစ် ဒြပ် ပါတဲ့ အသီးတွေအားလုံးနီးပါ အရေးပေါ်ဖုန်းဘက်ထရီအားသွင်းလို့ ရနေတယ်ဆိုတာကို တွေ့  ကြရမှာပါ။
ဖုန်းဘက်ထရီ အားသွင်းဖို့ ဆိုရင် သွပ်ပြားတစ်ခုနဲ့ ကြေးနီပြားတစ်ခုကို အသုံးပြု နိုင်ကြောင်းလည်း နည်းပညာရှင်တွေက ဗွီဒီယိုဖိုင်ထဲမှာပြသထားပါတယ်။
ဖုန်းအားသွင်းတဲ့ ယူအက်ဘီ ကြိုးစတစ်ဖက်ကို ဖြတ်ပစ်ပြီး ၀ါယာတွေကို ဆွဲထုတ်ကာ သံပုရာသီးနဲ့ ချိတ်ဆက်မှာလည်းဖြစ်ပါတယ်။တစ်ဖက်မှလည်း ဖုန်းကို ယူအက်ဘီရဲ့  အခြားတစ်ဖက်နဲ့ ချိတ်ဆက်ပါက လုံလောက်တဲ့ ဖုန်းဘက်ထရီအားကို ရရှိနိုင်လိမ့်မယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ဖုန်းပျက်စီးသွားနိုင်တဲ့ အကြောင်းတွေလည်း ရှိနေပါတယ်။သစ်သီးတွေကနေတိုက်ရိုက် ယူထားတဲ့ စွမ်းအင်ဟာ ပုံမှန်ထိန်းညှိထားတဲ့ စွမ်းအင်မဟုတ်တာကြောင့် ဖုန်းလည်း အလွယ်တကူပျက်စီးသွားနိုင်ကြောင်းသတိပေးထားပါသေးတယ်။
Facebook Conversations