တကယ်တော့ သာမန်ဆေး ခြောက်သုံးစွဲသူမော်ဒယ်တွေ...

အမေရိကန် လော့အိမ်ဂျလိစ့် မှာရှိတဲ့ မူးယစ်ဆေး ၊ဆေးခြောက်သုံးစွဲသူ မော်ဒယ် ၄၂၀ ခန့် စုပြီး လူမှုကွန်ယက်စာ မျက်နှာတစ်ခု ပြု လုပ် ကြော်ငြာဖော်ပြခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု ပြည်နယ်တော်တော်များများမှာ ဆေးခြောက်ကို အပန်းဖြေစရာတစ်ခု အဖြစ်ခွင့်ပြု ထားပါတယ်။ဖစ်ဒရယ်ဥပဒေအရ ရောင်းဝယ်မှု တွေကို လွတ်လပ်စွာခွင့်ပြု မထားသော်လည်း ပြည်နယ်ဥပဒေတွေက ကာကွယ်ပေးထားတာကြောင့် နိုင်ငံတကာ က ခရီးသွားတွေကို လည်းဆွဲဆောင်ထားနိုင်နေပါတယ်။

ဆေးခြောက်ရောင်းချမှုကြောင့် အမေရိကန်မှာ နှစ်စဉ် ဒေါ်လာ ၇ ဘီလျံခန့်ထိ ၀င်ငွေရှိနေကြပြီး ဆေးခြောက်ကုန်သွယ်တဲ့ ဖြန့်ဖြူးတဲ့ သူတွေအနေနဲ့ မော်ဒယ်တွေငှားရမ်းကာ အမှတ်တံဆိပ်ကြော်ငြာလုပ်ကြပါတယ်။

ဆေးခြောက်ရောင်းချမှု နဲ့ အပန်းဖြေမှု ဆိုင်ရာလုပ်ငန်းတွေမှာ ရောင်းဝယ်အသုံးချနေတဲ့ သူတွေ ကို ဖျော်ဖြေဖို့ အတွက် အမျိုးသမီးတွေ အများအပြားလိုအပ်တယ်လို့ လည်း မူးယစ်ဆေးရောင်းဝယ်သူတွေကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားကတော့ ဆေးခြောက်နဲ့ ပတ်သက်လို့ အလွန်နာမည်ကြီးပြီး ရောင်းဝယ်ရေးကုမ္ပဏီတွေအနေနဲ့ အမာခံ ၀ယ်ယူသူတွေကို စိတ်ကျေနပ်စေဖို့ အထူးအလေးထားတဲ့ နေရာလည်းဖြစ်ပါတယ်။

၄၂၀ လူမှုကွန်ယက်ကတော့ အမျိုးသမီးတွေ ဆေးခြောက်သုံးစွဲဖို့ လွယ်ကူစေရန်ကူညီနေပြီး ဈေးကွက်ချဲ့ ထွင်းနေတဲ့ ကွန်ယက်လည်းဖြစ်ပါတယ်။တကယ်တော့ ၄၂၀ ဆိုတာဟာ မူးယစ်ဆေး အဖွဲ့  တွေ ရဲ့  လျို့  ၀ှက် စာလုံးလို့ လည်းပြောထားပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations