၁၉၉၄ မှစ၍ ပထမဆုံးအကြိမ်ဖြစ်....

နယူးဂျာစီ မှာ ပြု လုပ်တဲ့ သမ္မတ ဖလား ဂေါက်သီး အားကစားပြိုင်ပွဲ မှာ အမေရိကန်သမ္မတ ဟောင်းတွေ ဖြစ်တဲ့ ဘေလ်ကလင်တန်၊ဂျော့ ဒဘလျူ ဘွတ် နဲ့ ဘားရတ်အိုဗားမားတို့ တက်ရောက်ခဲ့ကြောင်းသိရပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေ ထဲမှတော့ အလွန်ကို အလုပ်ရှုပ်နေပုံရတဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် မပါဝင်ခဲ့ပါဘူး။ဒါဟာလည်း နိုင်ငံတော်လုံခြုံရေးကောင်စီရဲ့  နှစ် ၇၀ ပြည့် ဖြစ်တာကြောင့် ၀ါရှင်တန်မှာ တာဝန်ထမ်းဆောင်နေချိန်လည်းဖြစ်မှာပါ။

အမေရိကန် သမ္မတဟောင်း ၃ ဦးဟာ ဂေါက်သီးရိုက်ပြိုင်ပွဲ ရဲ့  အားကစားသမားတွေ နဲ့ ပြည်သူအများအပြားကို လက်ဆွဲ နှုတ်ဆက်မှု တွေ နဲ့ အတူ ရင်းနှီးစွာ လက်ခံတွေ့  ဆုံခဲတဲ့ မှတ်တမ်းတွေ လည်း ရှိနေပါသေးတယ်။

သမ္မတအိုဗားမားကတော့ လူအများစုကို ပြုံးရယ်နုတ်ဆက်ခဲ့ပြီး ဘေလ်ကလင်တန်ကတော့ မီဒီယာတွေနဲ့ အနည်းငယ် စကားပြောခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။ဒါပေမဲ့ ဘွတ်ကတော့ အလားတူ ပြုလုပ်မှု မျိုးဖော်ပြထားခြင်းမရှိခဲ့ပါဘူး။

အမေရိကန် ပြည်သူတွေအများစုကတော့ သမ္မတဟောင်း ၃ ဦးကို တစ်နေရာထဲတွေ့  ခဲ့ရတာဟာ သူတို့ အတွက် တန်ဖိုးမဖြတ်နိုင်ကြောင်းလည်း ပြောပြထားပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations