မိုးကြိုးပြင်အလယ်ရွာမှ ပြည်သူတွေ ဒုက္ခတွေ. နေကြောင်းသိရ...

credit photo - DVB

credit photo - DVB

credit - Kyawzun Aung facebook

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့် ကွက်နေတဲ့ ဒေသခံတွေအား လုံခြုံရေးတပ်တွေက အင်အားသုံးကာ ပြဿနာကို ဖြေရှင်းနေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ဒေသမှ ထွက်ရှိတဲ့ ကြေးနီတွေကို ကားများဖြင့် လုံခြုံရေး တွေ အပြည့်နဲ့ လက်နက်များကိုင်ဆောင်ဝန်းရံလျက်သယ်ဆောင်သွားတယ်လို့ လည်း လူမှုကွန်ယက်မှာဖော်ပြထားကြတာပါ။

ယခင်နေ့ တွေကလည်း လက်ပံတောင်းဒေသသို့ သွားတဲ့ လုံခြုံရေး ရဲ ကားတစ်စင်း ရေမြောင်းထဲ သို့ ထိုးကျမှု ဖြစ်ပွားခဲ့သေးကြောင်းသတင်းတွေ ပျံ့  နှံ့ခဲ့ဖူးပါတယ်။

credit to- Soe Lwinoo facebook

photo credit to- Thura Myo

photo credit to- Thura Myo

ယခုနှစ် မတ်လ ၂၄ ရက်နေ့ တုန်းကလည်း လက်ပံတောင်းတောင်စီမံကန်းကို တားဆီးတဲ့  ဒေသခံတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်များဖြင့်ပစ်ခတ်ခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ Eleven ၀က်ဆိုဒ်မှာဖော်ပြထားပါတယ်။

ထိုဒေသကလူတွေကတော့ ကြေနီစီမံကိန်းကြောင့် ဒုက္ခရောက်နေကြရပြီး အစားထိုးမြေဧက တွေ ရရှိဖို့ တိုက်ပွဲဝင်နေတာလည်းဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations