မထင်မရှားနဲ့ ဖြစ်ပျက်နေမှု တွေများပြားနေ....

The Indian cloth factory workers

The Indian cloth factory workers

အိန္ဒိယ အ၀တ်အထည်စက်ရုံက အလုပ်သမားအများစုဟာ အနှိမ်ခံဘ၀တွေမှာ ရပ်တည်နေကြရကြောင်းသိရှိရပါတယ်။ပြည်နယ်တွင်းရှိ အ၀တ်အထည်စက်ရုံ အနည်းဆုံး ၇ ခုခန့်် မှာ စိတ်ပိုင်းဆိုင်ရာ ၊ရုပ်ပိုင်းဆိုင်ရာ အရ အလုပ်သမားတွေကို ချိုးနှိမ်ခိုင်းစေလေ့ရှိတယ်လို့ ဆိုပါတယ်။လုပ်ငန်းရှားပါးတဲ့ ဒေသတွေဖြစ်တာကြောင့် အလုပ်သမားတွေကို အချိန်ပိုလုပ်စေခြင်းအပါအ၀င် အနားယူချိန်မပေးတာတွေဟာ အဓိကပြဿနာတွေဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

workers in Belarus

workers in Belarus

ဥရောပ အရှေ့  ပိုင်း ဘယ်လာရု မှာ ကြမ်းတမ်းစွာ  အလုပ်လုပ်ကြ ရတဲ့ အလုပ်သမားအများစုကတော့ တစ်ခါတရံလစာမရရှိကြဘူးလို့ ဆိုပါတယ်။အဆိုးဆုံးကတော့ အလုပ်သမားတွေကို ထုတ်ချင်တဲ့ အချိန်မှာအလုပ်က ထုတ်ခြင်းပဲဖြစ်ပါတယ်။

physically abused in Indonesia

physically abused in Indonesia

အိမ်နီးချင်းအင်တိုနီးရှားနိုင်ငံမှာ အသက်မပြည်သေးတဲ့ အလုပ်သမားခန့် ထားမှု များပြားပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု အများအပြား ကြုံတွေ့  နေရတယ်လို့ ဆိုပါတယ်။ရုပ်ပိုင်းဆိုင်ရာ ရိုက်နှပ်ခြင်းလောက်ကို တော့ တရားဝင်နီးပါးပြု လုပ်နေကြပေမဲ့ အလုပ်ရှားပါးခြင်းကြောင့် အလုပ်သမားတွေဘက်ကလည်း ငုံ့  ခံနေရပုံပါပဲ။

helmets to work

helmets to work

အိန္ဒိယ မှာ အချို့  သော အစိုးရအလုပ်သမားတွေကို ဦးထုတ်နဲ့ မျက်နှာ ဖုံးစွတ်တွေ ၀တ်ဆင်ခိုင်းထားတာဟာ ကမ္ဘာ့  အလုပ်သမားအခွင့်အရေးနဲ့ ကိုက်ညီမှု မရှိပါဘူး။ဒါပေမဲ့ အကြောင်းပြချက်ကတော့ အဆောက်အဦးတွေ ကြားထဲမှာ ခိုင်ခံ့မှု မရှိတဲ့ မျက်နှာကြပ်တွေ ကြောင့် လို့ အစိုးရက အကြောင်းပြထားပါတယ်။တကယ်တော့ ၀င်ငွေရှိတဲ့ အစိုးရက လူနေမှု အတွက် အဆောက်အဦးတွေကို ပြင်ဆင်သင့်ပါတယ်။

drink toilet water

drink toilet water

တရုတ်မြို့  ကြီးတွေဆီသို့ ပြောင်းရွှေ့  လုပ်ကိုင်လာတဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမားတွေဟာ တရုတ်နိုင်ငံတွင်းလုပ်ငန်းခွင်တွေ မှာ သောက်သုံးရေ အတွက် ရေသန့် အစားအိမ်သာထဲက ရေကို ပေးထားမှု ပြု လုပ်ခံကြရလေ့ရှိပါတယ်။၈၅% နှုန်းခန့်  သော တရုတ်တွေ ဟာ နိုင်ငံရဲ့  စီးပွားရေးတိုးတက်မှု ကြောင့် အတန်အသင့်ချမ်းသာနေချိန်မှာ တောနေရွှေ့  ပြောင်းအလုပ်သမားတွေရဲ့  အလုပ်သမားအခွင့်အရေးကတော့ အလွန်ကို ဆိုးဝါးနေတုန်းပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations