စပိန် ဒုတိယဆင့်ကလပ်က Albacete အသင်းမှာ ကစားနေတဲ့ Mariano Brittolo ဟာ အသင်းဖော် Roman Zozuly နဲ့ မတော်တဆ ထိခိုက်မိပြီး လိင်တံ ၁၀ ချက်ခန့် ချုပ်လိုက်ရကြောင်းသိရှိရပါတယ်။ Albacete နဲ့ Huesca တို့ရဲ့  ပွဲကစားချိန် ၈၂ မိနစ်မှာ Mariano Brittolo ဟာ ထိခိုက်ဒဏ်ရာရရှိခဲတာဖြစ်ပြီး ပွဲချိန်ပြီးဆုံးတဲ့ အထိ သရေကျခဲ့တယ်လို့ လည်းဆိုပါတယ်။
အဝေးမှ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်သွင်းယူဖို့ ကြိုးစားနေချိန်မှာ အသင်းဖော် Roman Zozulya ရဲ့  ခြေဖနောင့်ကန်ချက်မိပြီး လိင်တံ ကွဲထွက်သွားတာလည်းဖြစ်ပါတယ်။
Albacete ဘောလုံးအသင်းရဲ့  ဆရာဝန် Eduardo Rodriguez က ချက်ချင်းရောက်ရှိလာပြီး စစ်ဆေးရာမှာ Mariano Brittolo ရဲ့  လိင်တံကို ၁၀ ချက်ချုပ်ခဲ့ရတာပါ။
Roman Zozulya is alleged to have neo-Nazi links back in native Ukraine
အသင်းဖော် Roman Zozulya ဟာ မကြာသေးမီကမှ နာဇီဝါဒ အကောင်အထည် ဖော်သူတွေ နဲ့ တရားမ၀င်အဆက်အသွယ်ရှိတယ်လို့ ဖော်ပြထားခံရပြီး နာမည်ဆိုးနဲ့ ကျော်ကြားသူလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် Albacete အသင်း က သူ့ကို Real Betis အသင်းဆီသို့ ပြောင်းရွှေ့  ဖို့ ဖိအားပေးနေပြီး နွေရာသီအပြောင်းအရွှေ့  ဈေးကွက်ပိတ်သိမ်းချိန်ဖြစ်တာကြောင့် နောက်နှစ်နွေရာသီမှပဲ ပြောင်းရွှေ့  နိုင်တော့ မယ်လို့ ဆိုပါတယ်။
Facebook Conversations