စပါးကြီးမြွေ ...

သြစတြေးလျ နိုင်ငံ Brisbaneမှာ မြွေတစ်ကောင်က လင်းနို့ (လင်းဆွဲ) တစ်ကောင်ကို ၀ါးမျို နေတဲ့ ဗွီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်။

သတင်းတွေထဲမှာတော့ လင်းနို့ဟာ ကာလကြာရှည်စွာကတည်းက သေနေတာဖြစ်တယ်လို့ ပြောထားပြီး ယခု ဗွီဒီယိုဖိုင်ကို တော့ မြွေဖမ်းသမားဖြစ်သူ  Redland နဲ့ Tony Morrison တို့ က နေ ရိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ထူးခြားချက်အနေနဲ့ မြွေတွေဟာ သေနေတဲ့ လင်းနို့ကို ဖြေးဖြေးချင်း လိမ်ပြီးမှ စားသောက်တာပဲဖြစ်ပါတယ်။ပိုပြီး ထူးဆန်းတာက တော့ လင်းနို့ ရဲ့  ခြေသည်းလက်သည်းတွေကနေ မြွေကို ၀ါးမျိုဖို့ ဒုက္ခပေးတော့ တာပဲဖြစ်ပါတယ်။

မျက်မြင်တွေ့  သူဖြစ်တဲ့ Tony Morrison ကတော့ ၁ နာရီခွဲခန့် အကြာမှာ လင်းနို့ သေ တစ်ကောင်ကို စပါးကြီးမြွေဟာ လက်လျော့ လိုက်ရကြောင်း သြစတြေးလျ သတင်းစာမှာပြောထားပါတယ်။

လင်းနို့ ရဲ့  တောင်ပံရိုးတွေကြောင့် စပါးကြီးမြွေဟာ နောက်ဆုံးမှာ အစာ ကို မြေပေါ်သို့ ပြန်လည် အန်ချလိုက်ရပြီး အနီးအနားက လူတွေကနေ ကွင်းလန်း က ကျောင်းနဲ့ ဝေးတဲ့ နေရာသို့ ပို့ ဆောင်ပေးခဲ့ရကြောင်းဖော်ပြထားပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations