နယ်မြေပြောင်းလာတဲ့ ငါးတွေ..

ဖာရိုကျွန်းစုမှာ လင်းပိုင်းတွေနဲ့ ဝေလငါးတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဓာတ်ပုံတွေကို တော့ သမုဒ္ဒရာ ထိန်းသိမ်းစောင့်ရှောက်ရေးဦးဆောင်လမ်းပြအဖွဲ့(conservation group Sea Shepherd Global) ကနေ ရိုက်ယူခဲ့တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေအဖြစ်နဲ့ အင်တာနက်စာမျက်နှာမှာဖြန့်ဝေခဲ့တာပါ။

ကျွန်းစုကို လည်ပတ်နေတဲ့ သမုဒ္ဒရာ စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းတွေရဲ့  ပြောပြချက်အရ အမဲလိုက်အဖွဲ့ တွေ ဟာ ၉ ဖွဲ့ တောင်ရှိနေပြီး ၁၆ ရာစုဆီိသို့ နောက်ကြောင်းပြန်တဲ့ နည်းတွေ အသုံးပြု က အမဲလိုက်မှုကိုပဲ ပြု လုပ်နေတာလို့ လည်း မီဒီယာတွေက မီးမောင်းထိုးပြထားပါတယ်။

အဲ့ဒီလိုပြောကြားချက်တွေကလည်း လင်းပိုင်းတွေကို သတ်ဖြတ်သူတွေဟာ ငါးရဲ့  အဓိက ကြောရိုး ရှိ သွေးပြန်ကြောတွေကို ဖြတ်ပစ်ခြင်းနဲ့ သတ်ပစ်ခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်။

လင်းပိုင်နဲ့ ဝေလငါးတွေ သတ်ဖြတ်နေတာနဲ့ ပတ်သက်လို့ အင်္ဂလန် နဲ့ ပြင်သစ်ရှိ သမုဒ္ဒရာကာကွယ်ရေးအဖွဲ့  ၀င် စေတနာ့ဝန်ထမ်း ၁၈ ယောက်က  Fox News သို့ ပြောကြားချက်ထဲမှာ သမုဒ္ဒရာ လင်းပိုင် ၁၉၈ ကောင်နဲ့ ဝေလငါး စုစုပေါင်း ၄၃၆ ကောင်အထိ သတ်ဖြတ်ထားတယ်လို့ ဆိုပါတယ်။

Hvannasund  ဖာရိုးကျေးရွာမှာ  ယခုကဲ့သို့ ငါးတွေသတ်ဖြတ်နေတာဟာ အမြဲပြု လုပ်နေကြ ဖြစ်ပုံရပြီး ဒေသခံ ကလေးငယ်တွေပါ ကျွမ်းကျင်နေကြတာဖြစ်ပါတယ်။

ဖာရိုး ဒေသ အစိုးရကတော့ ယခုနှစ်အတွင်း လင်းပိုင် ၁၇၀၀ ကျော်သတ်ဖြတ်ပြီးဖြစ်တယ်လို့ စာရင်ထုတ်ပြန်ထားပြီး လင်းပိုင်သားနဲ့ ဝေလငါးအသားတွေဟာ ဖာရိုးကျွန်းရဲ့  နိုင်ငံပိုင် လူကြိုက်များတဲ့ စားသောက်ကုန်လည်းဖြစ်နေပါတယ်။ထူးခြားတာက သတ်ဖြတ်သူတွေကို အရေးယူခြင်းရှိမရှိကတော့ ပြောပြမထားပါဘူး။

အဲ့ဒီကျွန်းမှာ ဝေလငါးသားတွေနဲ့ လင်းပိုင်သားတွေကို မပုတ် မသိုးအောင်ပြု လုပ်ပြီး ပြည်ပသို့ တင်ပို့မှု တွေပြု လုပ်နေကာ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း အလွန်ကြီးမားတဲ့ ငါးကြီးတွေ ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations