Black Beans
ပဲနက်စေ့တွေ ကတော့ ဗီတာမင် vitamins B, K, C နဲ့ A ဓာတ်တို့ အပြည်အ၀ပါရှိပြီး အဆီဓာတ် နည်းပါးတယ်လို့ ဆိုပါတယ်။အသားဓာတ် မြင့်မားမှု နဲ့ အတူ အမျှင်ဓာတ်ပါ ၀င်တာကြောင့် ပဲနက်စေ့တွေ ကို လူတိုင်းစားသုံးသင့်ပါတယ်။ပဲနက် ၁ ခွက် ခန့် ဆိုရင် အသားဓာတ် ၁၅ ဂရမ်ခန့် ပါဝင်ပြီး ကယ်လိုရီးနည်းကာ သိပ်သည်းစေတာကြောင့် ကြွက်သာားတွေ တင်းမာလာစေမှာဖြစ်ပါတယ်။
Yogurt
ဒိန်ချဉ် တစ်ခွက်တော့ ကယ်လဆီယမ်ဓာတ်(Calcium နဲ့ vitamin D)ဗီတာမင်ဒီ တို့ ပါဝင်တာကြောင့် သစ်သီးတွေ ရောလိုက်ပါက ပိုမို ကောင်းမွန်လာမှာပါ။အဓိက အားဖြင့်တော့ အစာချေ အဖွဲ့  အစည်းရဲ့  လိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ပြီး ကြွက်သားတွေ ကို ကြီးထွားမှု မှာ အထောက်အကူပြု ပါတယ်။
Mussels
ယောက်သွားတွေ ကတော့ အသားဓာတ်မြင့်မားပြီး အဆီဓာတ်နည်းတယ်လို့ ဆိုပါတယ်။အဓိက လှုပ်ရှားမှု တွေ အတွက် B12 နဲ့ selenium ဓာတ်တွေ ပါဝင်တာဖြစ်တာကြောင့် ယောက်သွားဟာ ဆားနည်းနည်းနဲ့ စားမည်ဆိုပါက အလွန်ကို သန်မာထွားကြိုင်းစေပါတယ်။
Olive Oil
အဓိက အားဖြင့် သံလွင်ဆီကတော့ နှလုံးကျန်းမာရေးအတွက် အလွန်အဆင်ပြေတယ်လို့ ဆိုပါတယ်။ကြွက်သားတွေနာကြင်မှု နဲ့ ရောင်ယမ်းမှုတွေ အတွက်လည်း ကြိုတင်ပြင်ဆင်ရာ ရောက်တယ်လို့ ဆိုပါတယ်။
Spinach
Spinach ဆိုတဲ့ အရွက်တွေကတော့ ဗိတာမင် ဓာတ်များစွာနဲ့ အတူ ကလက်စီယမ်ဓာတ်ပေါကြွယ်ဝတယ်လို့ ဆိုပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ရှားပါးလွန်းတဲ့ အရွက်ဖြစ်ပုံရပြီး ကြွက်သားတွေ ကို တော့ ဖြေလျော့ စေတယ်လို့ ဆိုပါတယ်။
Facebook Conversations