ကင်ဂျုံအန်ရဲ့  ကျန်းမာရေးအခြေအနေပြဿ နာတွေ ...

မြောက်ကို ရီးယား ဒုံး ကျည် နဲ့  နျူ လက်နက်စမ်းသပ်မှု မပြု လုပ်တာဟာ ရက်ပေါင်း ၆၀ ခန့် ရှိနေပြီလို့ နိုင်ငံတကာ သတင်းတွေ မှာဖော်ပြထားမှု ရှိနေပါတယ်။

အမေရိကန် သမ္မတ နဲ့ စကားစစ်ထိုးခန်းတွေ ဖြစ်ပွားပြီး သမ္မတ ဒေါ်နယ်က စသင်္ဘောတွေ ကို ကိုးရီးယားကျွန်းဆွယ်ဆီသို့ ဦးတည်စေလွှတ်နေပေမဲ့ မြောက်ကို ရီးယားခေါင်းဆောင် ကင်ဂျုံအန် ကတော့ မည်သည့်လက်နက်မှ စမ်းသပ်ခြင်းမရှိပါဘူး။

The Daily Star  သတင်းစာကတော့ ကင် ဂျုံ အန်ဟာ သွေးတိုး ၊ဆီိးချိုနဲ့  နှလုံးရောဂါတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့် ထက်စာရင် ကင်ဟာ ခန္ဓာကိုယ်အလေးချိန် ပေါင် ၉၀ ခန့် တိုးများလာကြောင်းလည်းထောက်ပြပြောဆိုထားပါတယ်။

the Guardian

 သတင်းစာရဲ့  မှတ်တမ်းတွေ ထဲမှ ဖော်ပြမှု အရ တောင်ကိုး ရီးယား စပိုင်တွေ ရဲ့  သတင်းထောက်လှမ်းမှု တွေ က ဖော်ပြထားတဲ့ အချက်အလက်တွေ ထဲတွင် ကင် ဂျုံအန်ဟာ အသောက်အစားအလွန် များပြားကြောင်းဖော်ပြထားပါတယ်။၂၀၁၁ တုန်းက ကင်ရဲ့  ဖခင်ဟာလည်း နှလုံး ရောဂါနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

national intelligence service ရဲ့  ထောက်လှမ်းရေးအဆိုအရ ကင်ဂျုံအန်ဟာ ကြောက်စိတ်တွေ ကြောင့် မျက်လုံးတွေကြောင်နေတယ်လို့ လည်း ဆိုပါတယ်။

လက်ရှိအမေရိကန် ရဲ့  ထောက်လှမ်းမှု ဂြိုလ်တု ဓာတ်ပုံတွေ ထဲမှာတော့ မြောက်ကို ရီးယား ရေငုတ်သင်္ဘောတွေ ရဲ့  လှုပ်ရှားမှုကို တွေ့  နေရပြီး မြောက်ကို ရီးယား ဒုံးကျည်ကျရောက်နိုင်တဲ့ အက်လက်စကာလို နေရာမျိုးတွေ ကို အမေရိကန် က လုံခြုံရေးတိုးမြင့်အောင် ပြု လုပ်နေကြောင်းသိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations