ဗုံးခွဲ တိုက်ခိုက်မှု တွေ လည်းပြုလုပ်...

အာဖဂန် အရှေ့  ပိုင်းခရိုင်  Nangarhar မှာ အိုင်အက်စ်အဖွဲ့  က လူပေါင်း ၁၅ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။

ခေါင်းဖြတ်သတ်မှု ကို အိုင်အက်စ်အဖွဲ့  က ပါကစ္စတန်နယ်စပ်အနီးမှာ ပြုလုပ်ခဲ့ပြီး ထိုဒေသဟာ  ၂၀၁၅ ကတည်း က အိုင်အက်စ် ကြီးထွားရာ နယ်မြေလည်းဖြစ်နေပါတယ်။

ခေါင်းဖြတ်သတ်ခဲ့မှု နဲ့ ပတ်သက်လို့ အိုင်အက်စ်အဖွဲ့  ရဲ့  ထုတ်ပြန်ချက်ကို ဖော်ပြထားခြင်းမရှိပဲ အမေရိကန် ရဲ့  လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသူတွေ နဲ့ ပတ်သက်လို့ တာလီဘန်တွေ နဲ့ အိုင်အက်စ်အဖွဲ့ တို့ အချင်းချင်း ပြဿနာဖြစ်ပေါ်နေကြောင်းလည်း ပြောထားပါတယ်။

အိုင်အက်စ်အဖွဲ့  ဟာ အာဖဂန် နိုင်ငံမှာ ခရိုင်ပေါင်း ၉ ခုထိပျံ့နှံ့နေပြီး တာလီဘန်တို့ နဲ့ အိုင်အက်စ်ဆက်နွယ်မှု ကို တော့ မည်သူမှ သိသိသာသာ ဖော်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။

ယခုတစ်ပတ် ကြာသာပတေးနေ့တုန်းကလည်း အိုင်အက်စ် အသေခံဗုံးခွဲသမားကြောင့် အာဖဂန် အရှေ့  ပိုင်း Jalalabad မြို့  မှာ လူပေါင်း ၈ ဦးသေဆုံးခဲ့  ပြီး အနည်းဆုံး ၁၅ ဦးခန့် ဒဏ် ရာ ရရှိခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗုံးခွဲ တိုက်ခိုက်မှု တွေ နဲ့ ခေါင်းဖြတ်သတ်မှု တွေ ရဲ့  နောက်ကွယ်မှ စေခိုင်းသူဟာ မည်သူဖြစ်တယ်ဆိုတာကို တော့ အာဖဂန် အစိုးရအပါအ၀င် မည်သည့် သတင်းစာ ကမှ ရှင်းလင်းတိကျစွာ ဖော်ထုတ်ရေးသားထားတာ မရှိပါဘူး။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations